စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာများအား အကြမ်းဖက် တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

စစ်ရေးနှင့်မသက်ဆိုင်သည့် လူစည်ကားရာနေရာများအား အကြမ်းဖက် တိုက်ခိုက်မှုကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) သဘောထားထုတ်ပြန်ချက်

၂၀၂၃ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်

၁။        ဇန်နဝါရီလ ၁၅ ရက်နေ့ နံနက်ပိုင်းတွင် ကယားပြည်နယ်၊  လွိုင်ကော်မြို့ ပြည်နယ်ခန်းမ၌ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့ အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ အခမ်းအနားကို ဒေသခံတိုင်းရင်းသား ပြည်သူများဖြင့် စည်ကား သိုက်မြိုက်စွာ ကျင်းပနေသည့်နေရာသို့ KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်သမားများက လက်နက်ကြီးများဖြင့် အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်သဖြင့် အခမ်းအနား ကျင်းပရာ ပြည်နယ်ခန်းမအနီးနှင့် လူနေ ရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့နှင့်  ကျောင်းသား/ကျောင်းသူ ကလေးငယ် ၆ ဦး၊ အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ အရပ်သားပြည်သူ အမျိုးသား ၁ ဦး သေဆုံးခဲ့ ကြောင်း သိရှိရသည့် ဖြစ်စဉ်အပေါ် မြန်မာနိုင်ငံဂီတ အစည်းအရုံး(ဗဟို) အနေဖြင့် လွန်စွာပင် စိတ်နှလုံးမချမ်းမြေ့ ဖြစ်ရပါသည်။ 

၂။        အပြစ်မဲ့ ပြည်သူများအား အမျိုးမျိုးရန်ရှာကာ အကြောင်းမဲ့ ပစ်ခတ် တိုက်ခိုက်မှုများနှင့် ယခုကဲ့သို့ စစ်ရေးနှင့် မသက်ဆိုင်သည့် လူစည်ကားရာ နေရာသို့ အများပြည်သူများအား အစုလိုက် အပြုံလိုက် သေကျေဒဏ်ရာရရှိ စေခြင်းအလို့ငှာ ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်များကို မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)မှ ပြင်းထန်စွာ ကန့်ကွက် ရှုတ်ချကြောင်း သဘောထား ထုတ်ပြန်အပ်ပါသည်။

မြန်မာနိုင်ငံဂီတအစည်းအရုံး(ဗဟို)