မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး သဘောထားထုတ်ပြန်ချက်

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး

သဘောထားထုတ်ပြန်ချက်

နေပြည်တော်၊ ဇန်နဝါရီ - ၁၅

          ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ပြည်နယ်ခန်းမရှေ့၌ ယနေ့နံနက်ပိုင်းတွင် (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ ကျင်းပနေစဉ် KNPP အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက် သမားများက လက်နက်ကြီးများဖြင့် အကြောင်း မဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်နယ်ခန်းမအနီးနှင့် လူနေရပ်ကွက်များအတွင်းသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲမှုကြောင့် လုံခြုံရေး တပ်ဖွဲ့ဝင်တချို့နှင့် ကျောင်းသား/သူ ၆ ဦး၊ အပြစ်မဲ့ ပြည်သူ ၂ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရပါသည်။

          ထိုကဲ့သို့ (၇၁)နှစ်မြောက် ကယားပြည်နယ်နေ့အထိမ်းအမှတ် မုခ်ဦးဖွင့်ပွဲ ကျင်းပစဉ် လူမဆန်စွာ လက်နက်ကြီးများဖြင့် အကြောင်းမဲ့ပစ်ခတ်တိုက်ခိုက်ခဲ့သည့် အကြမ်းဖက်လုပ်ရပ်ကို မိမိတို့ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး အဖွဲ့သူ၊ အဖွဲ့သားများမှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း သဘောထား ထုတ်ပြန် လိုက်သည်။

မြန်မာနိုင်ငံ ဟာသပညာရှင်များ အစည်းအရုံး