မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲ ကျင်းပ ပြုလုပ်

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲ ကျင်းပ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

            မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၏ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲပိတ်ပွဲ ကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် မဟာဇေယျသုခဓမ္မာရုံ၌ ပြုလုပ်ရာ ကချင် ပြည်နယ်သံဃာ့နာယက အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ ဝန်းသိုကျောင်းတိုက် ဆရာတော် ဘဒ္ဒန္တကေတုမာလ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် ကိုကိုမောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ တက်ရောက်ကြ သည်။

            ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ဝန်းသိုကျောင်းတိုက် ဆရာတော် ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားချီးမြှင့် တော်မူကြသည့် မေတ္တသုတ်ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ၊ နဝကမ္မအလှူငွေများနှင့် နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကြသည်။

            အဆိုပါ အသံမစဲမဟာပဋ္ဌာန်းရွတ်ဖတ်ပူဇော်ပွဲကို ဇန်နဝါရီ ၁၂ ရက်မှ ယနေ့ အထိ ၅ ရက်တိုင်တိုင် ရွတ်ဖတ်ပူဇော်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။