မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နဝမအကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နဝမအကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲ ပြုလုပ်

နေပြည်တော်၊ ဇန်နဝါရီ - ၁၆

မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ကျေပွန်စွာထမ်းဆောင်ခဲ့သည့် လုံခြုံရေး တပ်ဖွဲ့ဝင်များအား နဝမအကြိမ် ဂုဏ်ပြုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်း တိုင်းစစ်ဌာနချုပ် အားကစားခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမောင်ကို၊ တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းစစ်ဌာန ချုပ်မှ အရာရှိကြီးများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ တက်ရောက်ကြသည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုအမှာစကားပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းမှူးနှင့် တာဝန်ရှိသူများက လုံခြုံရေးတပ်ဖွဲ့ ဝင်များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ချီးမြှင့်ငွေများ အသီးသီး ပေးအပ်ကြသည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က တက်ရောက်လာကြသူများ အား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း သိမ်းဆည်း ရမိသော လက်နက်/ခဲယမ်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှုခဲ့ကြ ကြောင်း သတင်းရရှိသည်။