ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

ဘာသာရပ်ပေါင်းစုံ အမျိုးသား အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနား ကျင်းပ

 မန္တလေးတိုင်းဒေသကြီး  မိတ္ထီလာတက္ကသိုလ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်  ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို ဇန်နဝါရီ ၁၇ ရက်နံနက်ပိုင်းတွင် အဆိုပါ တက္ကသိုလ်အားကစားခန်းမ၌  ကျင်းပ ကြောင်းသိရသည်။

 အဆိုပါ ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားတွင် ပါမောက္ခချုပ် ဒေါက်တာ ဘဟန်က အဖွင့်အမှာစကား ပြောကြားသည်။  ထို့နောက်    အမျိုးသမီးဘော်လီဘော ပြိုင်ပွဲကို စတင်ကျင်းပရာ ရူပဗေဒအသင်းက ရုက္ခဗေဒအသင်းကို  အနိုင်ရရှိသည်။

    အဆိုပါ   ဘာသာရပ်ပေါင်းစုံ  အမျိုးသား ပြိုင်ပွဲတွင် အုပ်စု(က) သတ္တဗေဒ၊  မြန်မာစာနှင့် ဘူမိဗေဒ၊ အုပ်စု(ခ) ရုက္ခဗေဒနှင့် ဓာတုဗေဒ၊ အုပ်စု(ဂ)ပထဝီဝင်၊   သင်္ချာနှင့် ရူပဗေဒ၊ အုပ်စု(ဃ) သမိုင်းနှင့်ဝိဇ္ဇာညွန့်ပေါင်း အသင်းတို့ပါဝင်ပြီး အမျိုးသမီးပြိုင်ပွဲ၌  အုပ်စု(က)ရူပဗေဒ၊ ဓာတုဗေဒနှင့် ရုက္ခဗေဒ၊ အုပ်စု(ခ) အင်္ဂလိပ်စာ၊ သင်္ချာ၊ သတ္တဗေဒနှင့်   အရှေ့တိုင်းပညာ အသင်းတို့   ပါဝင်ယှဉ်ပြိုင် ကစားကြမည်ဖြစ်သည်။

ဘာသာရပ်ပေါင်းစုံ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲကို ဇန်နဝါရီ  ၁၇ ရက် မှ ၂၃ ရက်အထိ  ကျင်းပမည်ဖြစ်ကြောင်း    သိရသည်။