တိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များ ဆက်လက်ပို့ဆောင်
နေပြည်တော်၊ ဇန်နဝါရီ - ၁၈
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများတွင် အဓိက ကျသည့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးခြင်း လုပ်ငန်းများကို တပ်မတော်သား ဆရာဝန်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ နိုင်ငံတစ်ဝှမ်းတွင် အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိရာ ၎င်းလုပ်ငန်းများ တွင် အထောက်အကူဖြစ်စေရန် အတွက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို သတ်မှတ် အအေးလမ်းကြောင်း စံချိန်စံညွှန်းများအတိုင်း တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးသို့ တပ်မတော်လေယာဉ်များ၊ ရဟတ်ယာဉ်များ၊ Cold Chain Delivery Logistics မော်တော်ယာဉ်ကြီးများဖြင့် ပို့ဆောင်ဖြန့်ဖြူး ပေးလျက်ရှိသည်။
ထိုသို့ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်း မြို့နယ် မင်းဓမ္မလမ်းရှိ ပြည်သူ့ကျန်းမာရေးဦးစီဌာန၊ ဗဟိုကာကွယ်ဆေးသိုလှောင် အခန်းတွင်ထားရှိသည့် ဆေးတစ်လုံးလျှင် လူငါးဦး ထိုးနှံနိုင်သော Myancopharm နှင့် Sinopharm ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှင့် ဆေးထိုးအပ်များကို ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ Myancopharm ၈၄၅၉ လုံး၊ Sinopharm ၁၀၄၁၆ လုံးနှင့် ဆေးထိုးအပ် ၁၀၁၁၇၅ ချောင်း၊ သံတွဲမြို့သို့ Myancopharm ၃၁၂၇ လုံး၊ Sinopharm ၂၈၇၃ လုံးနှင့် ဆေးထိုးအပ် ၃၂၀၀၀ ချောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့သို့ Sinopharm ၁၁၆၀ လုံးနှင့် ဆေးထိုးအပ် ၂၅၀၀ ချောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)လားရှိုးမြို့သို့ Myancopharm ၆၇၈၁ လုံး၊ Sinopharm ၇၀၉၇ လုံးနှင့် ဆေးထိုးအပ် ၇၀၃၉၀ ချောင်း၊ ကယားပြည်နယ်၊လွိုင်ကော်မြို့သို့ Myancopharm ၈၀၄ လုံး၊ Sinopharm ၈၃၆ လုံးနှင့် ဆေးထိုးအပ် ၈၂၀၀ ချောင်းတို့ကို ယနေ့တွင် တပ်မတော်လေယာဉ်များဖြင့် ပို့ဆောင်ပေးသည်။
အဆိုပါ ကာကွယ်ဆေးများနှင့် ဆေးထိုးအပ်များကို တာဝန်ရှိသူများက အသီးသီး လက်ခံခဲ့ကြပြီး သက်ဆိုင်ရာနေရာများသို့ ဆက်လက်ဖြန့်ဖြူး ပေးသွား မည်ဖြစ်ကြောင်း သတင်းရရှိသည်။