၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်မှ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာကျောင်းသား အားကစားပွဲတော်မှ အားကစားပြိုင်ပွဲများ စတင်ကျင်းပ

နေပြည်တော် ဇန်နဝါရီ ၁၈

    ၂၀၂၂-၂၀၂၃  ပညာသင်နှစ်  အခြေခံပညာကျောင်းသား အားကစားပွဲတော်အား ဇန်နဝါရီ ၁၈  ရက်မှ ၂၇ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိ အားကစားကွင်း၊ အားကစားရုံများတွင် ကျင်းပလျက်ရှိရာ ယနေ့နံနက်ပိုင်းမှ စတင်၍ အားကစားနည်းများအလိုက် ယှဉ်ပြိုင်ကစားကြသည်။

ယနေ့နံနက် ၇ နာရီတွင် ဝဏ္ဏသိဒ္ဓိ ဘောလုံးကွင်း၌ ပြေးခုန်ပစ်ပြိုင်ပွဲ၏ ပထမ နေ့ပွဲစဉ်အဖြစ် အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသား မီတာ ၂၀၀ အပြေးပြိုင်ပွဲ၊ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင် ပွဲနှင့် အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲများကို ကျင်းပကြရာ အမျိုးသားမီတာ ၅၀၀၀ အပြေးပြိုင်ပွဲတွင် မောင်ရဲရင့်အောင်(မန္တလေး)က ပထမ၊ မောင်မျိုးသန့်ဇင်(ရှမ်း)က ဒုတိယ၊ မောင်ကျော်ဇင်ထွန်း(စစ်ကိုင်း)က တတိယ ရရှိကြပြီး အမျိုးသမီး မီတာ၂၀၀ အပြေး ပြိုင်ပွဲတွင် မညိုညိုဌေး(တနင်္သာရီ)က ပထမ၊ မဇူလိုင်မိုး(ရှမ်း)က ဒုတိယ၊ မဆုမြင့်မြတ်သူ (မွန်)က တတိယရရှိကြကာ အမျိုးသား မီတာ၂၀၀ အပြေးပြိုင်ပွဲတွင် မောင်အာကာ မိုး(မန္တလေး)က ပထမ၊ မောင်အောင်သက်ခိုင်(ပဲခူး)က ဒုတိယ၊ မောင်ထွန်းဝင်းကျော် (တနင်္သာရီ)က တတိယရရှိကြသည်။

အမျိုးသမီး သံလုံးပစ်ပြိုင်ပွဲတွင် မလုလုဆိုင်းရာ(ကချင်)က ပထမ၊ မနန်းဝေေ၀ကျော် (နေပြည်တော်)က ဒုတိယ၊ မနန်းစုစုထွန်း (ပဲခူး)က တတိယဆုများကို ရရှိကြရာ  ပြိုင်ပွဲများအပြီးတွင် ပညာရေး ဝန်ကြီးဌာနနှင့် အားကစားနှင့်လူငယ်ရေးရာ ဝန်ကြီးဌာနတို့မှ     ဒုတိယ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများက ဆုများ ချီးမြှင့်ပေးကြသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး အသင်းက တနင်္သာရီတိုင်း ဒေသကြီး အသင်းကို ၃ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ကရင်ပြည်နယ်အသင်းကို ၁ ဂိုး ဂိုးမရှိဖြင့် လည်းကောင်း အနိုင်ရရှိကြပြီး နေပြည်တော်အသင်းနှင့် စစ်ကိုင်းတိုင်းဒေသကြီး အသင်းတို့က တစ်ဂိုးစီဖြင့် သရေကျသည်။ အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ဧရာဝတီတိုင်း ဒေသကြီးအသင်းက ရခိုင်ပြည်နယ် အသင်းကို ၆ ဂိုး ၁ ဂိုးဖြင့် လည်းကောင်း၊ ကချင်ပြည်နယ် အသင်းက တနင်္သာရီတိုင်း ဒေသကြီးအသင်းကို ၆ ဂိုး ၁ ဂိုးဖြင့်လည်း ကောင်း အနိုင်ရရှိကြသည်။

ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ြ)ရုံတွင် ကျင်းပသည့် အမျိုးသမီး ဘော်လီဘောပွဲစဉ်တွင် ကချင်ပြည်နယ်အသင်းက ရခိုင်ပြည် နယ်အသင်းကို သုံးပွဲပြတ်ဖြင့်လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီး အသင်းက စစ်ကိုင်းတိုင်းဒေသကြီး အသင်းကို ၃ ပွဲ ၁ ပွဲဖြင့်လည်း ကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအသင်း က ရှမ်းပြည်နယ်အသင်းကို သုံးပွဲပြတ်ဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

 အမျိုးသား ဘော်လီဘောပွဲစဉ်တွင် ရှမ်းပြည်နယ်အသင်းက ရခိုင်ပြည်နယ် အသင်းကို  သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ ကရင်ပြည်နယ်အသင်းက မွန်ပြည်နယ် အသင်းကို  သုံးပွဲပြတ်ဖြင့် လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၃ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် မွန် ပြည်နယ်အသင်းက ကရင်ပြည်နယ် အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ နေပြည်တော် အသင်းက မန္တလေးတိုင်းဒေသကြီး အသင်း ကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီး အသင်းက ရခိုင်ပြည်နယ် အသင်းကို ၂ ပွဲ ၁ ပွဲဖြင့်လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး အသင်းက ရန်ကုန် တိုင်းဒေသကြီး အသင်းကို နှစ်ပွဲပြတ်ဖြင့် လည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီး အသင်းက ရှမ်းပြည်နယ်အသင်းကို ၂ ပွဲ ၁ ပွဲဖြင့် လည်းကောင်း အနိုင်ရရှိကြသည်။

ဇန်နဝါရီ ၁၉ ရက် နံနက်ပိုင်းမှ စတင်ပြီး ပြေးခုန်ပစ် ဒုတိယနေ့ပြိုင်ပွဲများနှင့် ဘောလုံး၊ ဘော်လီဘော၊ပိုက်ကျော်ခြင်း(အမျိုးသား၊ အမျိုးသမီး) အုပ်စုပွဲစဉ်များကို ဆက်လက် ယှဉ်ပြိုင်ကျင်းပ သွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။