လူငယ်ကစားသမား ဂါနာချိုကို ရီးယဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန်စီစဉ်နေသည့် အတွက် မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေ

လူငယ်ကစားသမား ဂါနာချိုကို ရီးယဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန်စီစဉ်နေသည့် အတွက် မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေ

မန်ယူအသင်းက  အသင်းမှ  လူငယ်ကစားသမား ဂါနာချိုကို ရီးယဲလ်မက်ဒရစ် အသင်းက ခေါ်ယူရန် စီစဉ်နေသည့်အတွက် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စတင်ကြိုးပမ်းနေကြောင်း သိရသည်။

အသက် ၁၈ နှစ်အရွယ်သာ ရှိသေးသည့်  လူငယ်ကစားသမား ဂါနာချိုသည် အက်သလက်တီကို အကယ်ဒမီမှ မန်ယူအသင်း အကယ်ဒမီသို့ ၂၀၂၀ ပြည့်နှစ်က ရောက်ရှိလာသူဖြစ်ပြီး မန်ယူလူငယ် အသင်းများတွင် ခြေစွမ်းပြနိုင်ခဲ့ကာ  ယခုဘောလုံးရာသီတွင် နည်းပြတန်ဟတ်က အသင်းကြီးသို့ခေါ်ယူပြီး အသုံးပြုခဲ့ခြင်း ဖြစ်သည်။

ဂါနာချိုသည် ဆန်ချိုမပါဝင်နိုင်ခဲ့သည့် အချိန်တွင်  နည်းပြတန်ဟတ်၏ ယုံကြည်မှုနှင့်အတူ ပွဲထွက်ခွင့်ရရှိခဲ့ပြီးနောက် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် အတွက် ရီးယဲလ်မက်ဒရစ်အသင်းက ခေါ်ယူရန် စောင့် ကြည့်နေခြင်း ဖြစ်သည်။

ဂါနာချိုသည် မန်ယူအသင်း၌ တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် ၇၀၀၀ သာရရှိနေပြီး လက်ရှိတွင် မန်ယူအသင်းနှင့်  စာချုပ်သက်တမ်းမှာ  တစ်နှစ်သာ ကျန်ရှိတော့သည့်အတွက် မန်ယူအသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ကြိုးပမ်းနေခြင်းဖြစ်သည်။

သို့သော်  လက်ရှိအချိန်ထိ  စာချုပ်သစ်အတွက် သဘောတူညီမှု မရရှိသေးဘဲ မန်ယူအသင်းအနေဖြင့် ဂါနာချိုကို မြင့်မားသည့် လုပ်ခလစာတစ်ရပ် ပေးချေရဖွယ် ရှိနေကြောင်း သိရသည်။