အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် မွေးကင်းစမှ ၁ နှစ် ၆ လ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ တပ်မတော်သားမိသားစုဝင် မွေးကင်းစမှ ၁ နှစ် ၆ လ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေး

နေပြည်တော်၊ ဇန်နဝါရီ - ၂၀

          အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော် သားမိသားစုဝင် မွေးကင်းစမှ ၁ နှစ် ၆ လ အထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့နံနက်ပိုင်း တွင် တိုင်းစစ်ဌာနချုပ်၊ အားကစားခန်းမ၌ ပြုလုပ်ရာ  နယ်မြေခံဆေးတပ်ရင်းမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများက တပ်ရင်း၊ တပ်ဖွဲ့များရှိ ကလေးငယ် ၁၅၃ ဦးတို့ကို  ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်း ရောင်အသားဝါ(ဘီ)၊ (BCG)၊ ဝက်သက်၊ ဂျိုက်သိုး၊ ဦးနှောက် အမြှေးရောင်ငါးမျိုးစပ် ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင်ကာကွယ်ဆေးနှင့် ပိုလီယို ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးကြသည်။

          ယင်းသို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ် ကိုကိုဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု အားပေးပြီး ကလေးငယ်များအတွက် အာဟာရဖြည့်စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။