မုံရွာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၊ အလုံတပ်မြို့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ပြုလုပ်
နေပြည်တော်၊ ဇန်နဝါရီ - ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်း ကျောင်း၊ အလုံတပ်မြို့၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲနှင့် ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက်ပိုင်းတွင် အဆိုပါကျောင်းခန်းမ၌ပြုလုပ်ရာ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းထိုက်နှင့် တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးရရှိအောင် ပညာသင်ကြား ပေးသည့် ဆရာ၊ ဆရာမများ၊ အတန်းလိုက်ထူးချွန်ဆုနှင့် ပြိုင်ပွဲများတွင် ဆုရရှိ ကြသည့်ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။ ယင်းနောက် ကျောင်းသား၊ ကျောင်းသူများ၏ တိုင်းရင်းသားရိုးရာအက၊ မြန်မာ့ရိုးရာယဉ်ကျေးမှုအကများဖြင့် သီဆိုကပြဖျော်ဖြေ မှုကို ကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။