ရမှတ် ၁၅ မှတ်လျှော့ပြစ်ဒဏ်အတွက် ဂျူဗင်တပ်စ်အသင်းက အယူခံဝင်ရောက်ရန် ပြင်ဆင်လျက်ရှိ

ရမှတ် ၁၅ မှတ်လျှော့ပြစ်ဒဏ်အတွက် ဂျူဗင်တပ်စ်အသင်းက အယူခံဝင်ရောက်ရန် ပြင်ဆင်လျက်ရှိ

ဂျူဗင်တပ်စ်အသင်းက ရမှတ် ၁၅ မှတ်လျှော့ပြစ်ဒဏ်အတွက် အယူခံဝင်ရောက်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

ဂျူဗင်တပ်စ်အသင်းသည်  ယခင်အသင်းဥက္ကဋ္ဌဟောင်း အက်ဂနယ်လီလက်ထက်က အသင်းဘဏ္ဍာရေး စည်းမျဉ်းနှင့်  ငြိစွန်းနိုင်သည့် အခြေအနေများကြောင့်  အသင်းမှကစားသမားများကို လုပ်ခလစာများ လျှော့ချနိုင်ခဲ့သည်ဟု  စာရွက်စာတမ်းအတုများ ပြုလုပ်ခဲ့ကာ  အီတလီနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ဥရောပဘောလုံးအဖွဲ့ချုပ်တို့ထံ တင်ပြမှုများ ပြုလုပ်ခဲ့ကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးနောက် ယခုနှစ်ဘောလုံးရာသီအစပိုင်းမှစတင်ကာ   စစ်ဆေးမှုများပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဂျူဗင်တပ်စ်အသင်းသည် စာရွက်စာတမ်းအတုများ ပြုလုပ်ခဲ့သည်ဟု သတင်းများထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း အီတလီအာဏာပိုင်များက ဂျူဗင်တပ်စ်အသင်းရုံးခန်းသို့ ဝင်ရောက်ခဲ့ကာ စစ်ဆေးမှုများ စတင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ယခုအခါ ဂျူဗင်တပ်စ်အသင်းသည်  ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၁ ခုနှစ်အတွင်း အသင်းမှကစားသမားများအား လုပ်ခလစာပေးခဲ့မှုမှတ်တမ်းများကို ပြန်လည်စစ်ဆေးခံခဲ့ရပြီးနောက်  အပြောင်းအရွှေ့ကိစ္စရပ်များတွင်    ငွေစာရင်းလိမ်လည်ကာ အခွန်ရှောင်တိမ်းခြင်း၊ ကစားသမားများကို လုပ်ခလစာများ ပေးချေရာတွင် မှန်ကန်မှုမရှိခြင်း စသည့်ပြစ်မှုများ ထင်ရှားခဲ့သည့်အတွက် အီတလီတရားရုံးက ရမှတ်  ၁၅ မှတ်လျှော့ပြစ်ဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အလားတူ  အီတလီတရားရုံးက  ဂျူဗင်တပ်စ်အသင်းကို  ပြစ်ဒဏ်ချမှတ်ခဲ့သည့်အပြင်  အသင်းဥက္ကဋ္ဌဟောင်း အက်ဂနယ်လီ၊ ဒုတိယဥက္ကဋ္ဌဟောင်း နာဗက်အပါအဝင်   အသင်းဘုတ်အဖွဲ့ဟောင်း အဖွဲ့ဝင်အားလုံးကို ပြစ်ဒဏ်များချမှတ်ခဲ့ပြီး အသင်းအားကစားဒါရိုက်တာဟောင်း လက်ရှိ စပါးအသင်းအားကစားဒါရိုက်တာ  ပါရာတက်ချီ တို့ကိုလည်း ပြစ်ဒဏ်ချမှတ်ခဲ့ကာ ယခုအခါ ဂျူဗင်တပ်စ်အသင်းဘုတ်အဖွဲ့အသစ်က အယူခံဝင်ရောက်ရန်  ပြင်ဆင်နေကြောင်း  သိရသည်။   

Ref;Football Italia