မိုးညှင်းတက္ကသိုလ်၌ ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲကျင်းပ
မိုးညှင်း၊ အားကစား
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မိုးညှင်းတက္ကသိုလ်၏ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ဘာသာရပ်ပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၁ ရက်က အဆိုပါတက္ကသိုလ် ဘက်စုံသုံး အားကစားခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် မိုးညှင်းတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာမဉ္ဇူမင်းက အမှာစကားပြောကြားပြီး တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဗိုလ်လုပွဲတက်ရောက်လာသော နှစ်ဖက်အသင်း အားကစားသမားများအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးကြသည်။
ဆက်လက်၍ ဗိုလ်လုပွဲကို ကျင်းပရာရူပဗေဒ ဘာသာရပ်အသင်းနှင့် ဓာတုဗေဒဘာသာရပ်အသင်းတို့ ယှဉ်ပြိုင်ကစားကြပြီး ပထမဆုနှင့် တက္ကသိုလ်တံခွန်စိုက်ဒိုင်းဆုကို ဓာတုဗေဒဘာသာရပ်အသင်းကလည်းကောင်း၊ ဒုတိယဆုကို ရူပဗေဒဘာသာရပ် အသင်းကလည်းကောင်းရရှိပြီး တတိယဆုကို သင်္ချာဘာသာရပ်အသင်းက ရရှိသည်။
အဆိုပါဆုရရှိသော အသင်းများကို ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်၊ တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခ(ဌာနမှူး)များက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
ထို့နောက် မိုးညှင်းတက္ကသိုလ်တွင်အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲအပြင် ဘာသာရပ်အသီးသီးမှ အမျိုးသား၊ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ကြက်တောင်ရိုက်ပြိုင်ပွဲများကိုလည်း ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း