စပါးအသင်းက နည်းပြကွန်တီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်မဟုတ်ဘဲ ရာသီအကုန်တွင် နည်းပြသစ်အဖြစ် တူချယ်လ်ကိုခန့်အပ်ရန်စီစဉ်နေ

စပါးအသင်းက နည်းပြကွန်တီနှင့် သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည်မဟုတ်ဘဲ ရာသီအကုန်တွင် နည်းပြသစ်အဖြစ် တူချယ်လ်ကိုခန့်အပ်ရန်စီစဉ်နေ

စပါးအသင်းက ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးတော့မည့်ကွန်တီကို သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည် မဟုတ်ဘဲ ရာသီအကုန်တွင် နည်းပြအပြောင်းအလဲပြုလုပ်ရန် စီစဉ်ထားပြီး နည်းပြသစ်အဖြစ် တူချယ်လ်ကိုခန့်အပ်ရန် စီစဉ်နေကြောင်း သိရသည်။

စပါးအသင်းက နည်းပြနူနိုဆန်းတို့စ်ကို ထုတ်ပယ် ပြီးနောက် ၂၀၂၁ ခုနှစ် နိုဝင်ဘာလက နည်းပြသစ်အဖြစ် ကွန်တီကိုခန့်အပ်ခဲ့ခြင်းဖြစ်ပြီး ယခုဘောလုံးရာသီအကုန်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ အစောပိုင်းက သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန် ဆွေးနွေးမှုပြုလုပ်ထားသော်လည်း လက်ရှိတွင် ရလဒ်ပိုင်း မတည်ငြိမ်မှုများကြောင့် စပါးအသင်းတာဝန်ရှိသူများက နည်းပြအပြောင်းအလဲပြုလုပ်ရန် ပြင်ဆင်လာခြင်းဖြစ်သည်။

စပါးအသင်းသည်  နောက်ဆုံးကစားသည့်ငါးပွဲ တွင် တစ်ပွဲသာအနိုင်ရရှိထားကာ သုံးပွဲရှုံး၊ တစ်ပွဲသရေရလဒ် ထွက်ပေါ်ခဲ့ပြီး ရလဒ်ပိုင်းမတည်ငြိမ်မှုများကြောင့် စပါးအသင်းတာဝန်ရှိသူများက နည်းပြကွန်တီ၏ စွမ်းဆောင်ရည်အပေါ်  သံသယရှိလာပြီး  သက်တမ်းတိုးစာချုပ် ချုပ်ဆိုမည့်အစီအစဉ်ကို ဖျက်သိမ်းခဲ့ခြင်း ဖြစ်သည်။

စပါးအသင်းသည် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ပွဲ ၂၀ ကစားပြီးချိန်တွင် ၁၀ ပွဲနိုင်၊ သုံးပွဲသရေနှင့် ခုနစ်ပွဲ ရှုံးနိမ့်ထားပြီး ရမှတ် ၃၃ မှတ်ဖြင့် အမှတ်ပေးဇယား အဆင့်(၅)နေရာ၌ ရပ်တည်နေကာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ရုန်းကန်ရဖွယ်ရှိသည်။

လက်ရှိ စပါးအသင်းသည် ယခုဘောလုံးရာသီအကုန်တွင် နည်းပြကွန်တီနှင့် လမ်းခွဲပြီးပါက ချယ်လ်ဆီး အသင်းနှင့် လမ်းခွဲခဲ့ပြီးနောက်   ကလပ်အသင်းလက်မဲ့ဖြစ်နေသည့် နည်းပြတူချယ်လ်ကိုခန့်အပ်ရန် စီစဉ်နေပြီး    နည်းပြတူချယ်လ်ကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်အသင်းတစ်သင်းကို နည်းပြလိုသည့်အတွက် စပါးအသင်းက ကမ်းလှမ်းလျှင် လက်ခံဖွယ်ရှိကြောင်း သိရသည်။         

 Ref;Sky Sports