စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီးဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော် ဇန်နဝါရီ ၂၄

        စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် ၊ နိုင်ငံတော်ဝန်ကြီးချုပ်ဖလား ဝန်ကြီး ဌာနပေါင်းစုံ အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲတွင် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကို ဇန်နဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီအချိန်က ကာကွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပ သည်။

        ဦးစွာ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး ကဂုဏ်ပြုအမှာစကား ပြောကြားရာ တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်မှု အဆင့်အတန်း မြင့်မားလာစေရန်နှင့် ဝန်ကြီးဌာနပေါင်းစုံ အားကစားပြိုင်ပွဲမှ တစ်ဆင့် နိုင်ငံဂုဏ် ဆောင်နိုင်သည့် ဘော်လီဘော အားကစားသမားကောင်းများ ပျော်ထွက်လာစေရန် နိုင်ငံတော်က ရည်ရွယ်ကျင်းပပေးခဲ့တဲ့ ပြိုင်ပွဲတွင် မိမိတို့ဝန်ကြီးဌာနက အားကစား မောင်မယ်များအနေဖြင့် ထိုက်ထိုက်တန်တန် ဆုဖလားများကို ဆွတ်ခူးနိုင်ခဲ့သည့် အတွက် ဝမ်းသာဂုဏ်ယူ ပီတိဖြစ်ရပါကြောင်း၊ ကာကွယ်ရေးဝန်ကြီးဌာန ကိုယ်စားပြု အားကစားသမားများ အနေဖြင့်ဘော်လီဘောပြိုင်ပွဲတွင်သာမက အခြားသောပြိုင်ပွဲ များတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ဆုတံဆိပ်များရယူခဲ့ရာ နိုင်ငံဂုဏ် ၊ ဌာန၏ဂုဏ်တို့ ကို မြှင့်တင်ပေးခဲ့သည်ကို ဂုဏ်ယူစွာ တွေ့ရှိခဲ့ရပါကြောင်း၊ အားကစားသမားကောင်း များအဖြစ် ကြိုးစားခဲ့သည့် စိတ်ဓာတ်များမှ နိုင်ငံဝန်ထမ်းကောင်း ဆိုသည့် စိတ်ဓာတ် ကို ခိုင်ခိုင်မာမာ ဆက်လက်မွေးမြူသွားကြစေလိုကြောင်း၊ ဝန်ကြီးဌာန ဆုရအားက စားသမားများအဆင့်မှသည် နိုင်ငံလက်ရွေးစင်အဆင့်ရောက်ရှိအောင် ဆက်လက်ကြိုး စားသွားစေလိုကြောင်း ပြောကြားသည်။

        ဆက်လက်၍ အောင်ပွဲရ ကာကွယ်ရေး ကိုယ်စားပြု အမျိုးသား ဘော်လီဘော အသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၏ ဂုဏ်ပြုချီးမြှင့်ငွေအား စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးမင်းဦးက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။ ယင်း နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် ၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးက အောင်ပွဲရ ကာကွယ်ရေးကိုယ်စားပြု အမျိုးသား ဘော်လီဘော အသင်းနှင့် အမျိုးသမီး ဘော်လီဘောအသင်းကို ဂုဏ်ပြုချီး မြှင့်ငွေများ ပေးအပ်ချီးမြှင့်သည်။

      ထို့နောက် ဆုတံဆိပ်ရရှိခဲ့သော အားကစားသမားများကိုယ်စား ကာကွယ်ရေး ဝန်ကြီးဌာန ဘော်လီဘောအသင်း နည်းပြချုပ် အရာခံဗိုလ် ခင်မောင်တိုးက ကျေးဇူး တင်စကား ပြန်လည်ပြောကြားသည်။ ယင်းနောက် အောင်ပွဲရ အားကစားသမားများအား ဂုဏ်ပြုလက်ဖက်ရည်ဝိုင်းဖြင့် တည်ခင်းကျွေးမွေး ခဲ့ကြောင်း သတင်းရရှိသည်။