ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ကိုဗာဆစ် ပေါင်ကြွက်သားဒဏ်ရာရရှိခဲ့သည့်အတွက် အသင်း၌ ဒဏ်ရာရကစားသမားစာရင်းထပ်မံတိုးလာ
ချယ်လ်ဆီးအသင်းကွင်းလယ်ကစားသမား ကိုဗာဆစ်သည် အသင်းလေ့ကျင့်ရေးအစီအစဉ်တွင် ပေါင် ကြွက်သားဒဏ်ရာ ရရှိခဲ့သည့်အတွက် အသင်း၌ ဒဏ်ရာရကစားသမားစာရင်း ထပ်မံတိုးလာကြောင်း သိရသည်။
လက်ရှိတွင် ချယ်လ်ဆီးအသင်းသည် အဓိကကစားသမားအများစု ဒဏ်ရာအသီးသီးရရှိနေသောကြောင့် အသင်းရလဒ်ပိုင်း အနေဖြင့်လည်း မတည်မငြိမ်ဖြစ်နေပြီး ရုန်းကန်နေရချိန်တွင် အဓိက ကွင်းလယ်ကစားသမားတစ်ဦး ထပ်မံဒဏ်ရာရရှိခဲ့သည့်အတွက် ထိုးနှက်ချက်ဖြစ်လာသည်။
ချယ်လ်ဆီးအသင်းတွင် ကိုဗာဆစ်မတိုင်မီက အဓိကကစားသမားများဖြစ်သည့် ဂိုးသမား မန်ဒီအပါ အဝင် ရီစီဂျိမ်းစ်၊ ဘန်ချီဝဲလ်၊ ဖိုဖာနာ၊ ချာလိုပက်၊ ကန်တီ၊ ဒင်းနစ်ဇာကာရီ၊ ရာဟမ်းစတာလင်း၊ ပူလီဆစ်နှင့် ဘရိုဂျာတို့ ဒဏ်ရာရရှိနေသည့်အတွက် အနားယူနေရခြင်းဖြစ်သည်။
အဓိကကစားသမားများ ဒဏ်ရာရရှိနေသောကြောင့် အနားယူနေရသည့်အချိန်တွင် ဇန်နဝါရီ ကစားသမား အပြောင်းအရွှေ့ကာလက အသစ် ခေါ်ယူထားသော တိုက်စစ်ကစားသမား ဂျာအိုဖီးလစ်သည်လည်း အနီကတ်ပြစ်ဒဏ်ကြောင့် သုံးပွဲပယ်ခံထားရသည့်အတွက် ပိုမိုဆိုးရွားသည့်အခြေ အနေနှင့် တွေ့ကြုံနေရခြင်းဖြစ်သည်။
လက်ရှိတွင် ကိုဗာဆစ်၏ ပေါင်ကြွက်သားဒဏ်ရာမှာ ပြင်းထန်မှုမရှိသော်လည်း ကြံ့ခိုင်မှုပြန်လည် ပြည့်ဝပြီး ပြန်လည် ကစားနိုင်ရန် ရက်သတ္တနှစ်ပတ်ခန့် အနားယူရမည့်အခြေအနေကြောင့် ဖေဖော်ဝါ ရီ ၄ ရက်တွင် ကစားမည့် ဖူလ်ဟမ်အသင်းနှင့်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေပြီး ဝက်စ်ဟမ်းအသင်းနှင့်ပွဲမှသာ ပြန်လည် ပါဝင်ဖွယ်ရှိနေကြောင်း သိရသည်။
Ref:90Min