အဲဗာတန်အသင်း နည်းပြရာထူးအတွက် လိဒ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာ ထိပ်ဆုံးမှ ရေပန်းစားနေပြီး ဝိန်းရွန်နီလည်း ရေပန်းစားမှုစာရင်းတွင်ပါဝင်နေ

အဲဗာတန်အသင်း နည်းပြရာထူးအတွက် လိဒ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာ ထိပ်ဆုံးမှ ရေပန်းစားနေပြီး ဝိန်းရွန်နီလည်း ရေပန်းစားမှုစာရင်းတွင်ပါဝင်နေ

လစ်လပ်နေသည့် အဲဗာတန်အသင်းနည်းပြရာထူးအတွက် လိဒ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာက ထိပ်ဆုံးမှ ရေပန်းစားနေပြီး အသင်းကစားသမားဟောင်း ဝိန်းရွန်နီလည်း    ရေပန်းစားမှုစာရင်းတွင်ပါဝင်နေ ကြောင်း သိရသည်။

အဲဗာတန်အသင်းသည်  ယခုဘောလုံးရာသီတွင် ရလဒ်ပိုင်းမတည်မငြိမ်ဖြစ်နေပြီး  တန်းဆင်းဇုန်တွင် ရုန်းကန်နေရသည့်အတွက် ဝက်စ်ဟမ်းအသင်းနှင့် ပွဲစဉ်ရှုံးနိမ့်ပြီးနောက်  နည်းပြလမ်းပတ်ကို  ရာထူးမှ ထုတ်ပယ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင် အဲဗာတန်အသင်းက နည်းပြသစ်ကို အမြန်ဆုံးပြန်လည်ခန့်အပ်ရန်    ပြင်ဆင်လျက်ရှိပြီး လိဒ်အသင်းနည်းပြဟောင်း ဘီယဲလ်ဆာကို နည်းပြသစ် အဖြစ်ခန့်အပ်ရန် ဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်။

လက်ရှိ အဲဗာတန်အသင်းနည်းပြသစ် ရာထူးအတွက် ရေပန်းစားမှုတွင် ဘီယဲလ်ဆာ၏နောက်၌  ၎င်းတို့ အသင်းကစားသမားဟောင်း ဝိန်းရွန်နီ၊ ၎င်းင်းတို့အသင်း နည်းပြဟောင်း  လက်ရှိ  ဝက်စ်ဟမ်းအသင်းနည်းပြ ဒေးဗစ်မိုယက်စ်၊    ဘန်လေအသင်းနည်းပြဟောင်း ဆမ်ဒိုက်၊  ဝုဗ်အသင်းနည်းပြဟောင်း နူနိုဆန်းတို့စ် တို့ပါဝင်လျက်ရှိသည်။

နည်းပြ ဘီယဲလ်ဆာသည်   လိဒ်အသင်းနှင့်အတူ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် အတွေ့အကြုံကောင်းများ ရှိသည့်အတွက် အဲဗာတန်အသင်းက ဦးစားပေးခန့်အပ် ရန်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။               

Ref;Fotmob.com