ချယ်လ်ဆီးအသင်းနှင့် မိနစ်ပိုင်းသာကစားထားရသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမြန်နှုန်း အမြင့်ဆုံး ကစားသမားအဖြစ် မူဒရစ်ထိပ်ဆုံး၌ ရပ်တည်နေ

ချယ်လ်ဆီးအသင်းနှင့် မိနစ်ပိုင်းသာကစားထားရသော်လည်း ပရီးမီးယားလိဂ်ပြိုင်ပွဲမြန်နှုန်း အမြင့်ဆုံး ကစားသမားအဖြစ် မူဒရစ်ထိပ်ဆုံး၌ ရပ်တည်နေ

ချယ်လ်ဆီးအသင်း  တိုက်စစ်ကစားသမားမူဒရစ်သည် အသင်းနှင့်မိနစ်ပိုင်းသာ ကစားထားရသော် လည်း  ပရီးမီးယားလိဂ်ပြိုင်ပွဲ    မြန်နှုန်းအမြင့်ဆုံးကစားသမားအဖြစ်  ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရသည်။

အသက် ၂၂ နှစ်အရွယ် မူဒရစ်သည် ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင်  ရှက်တာဒိုးနက်စ်အသင်းမှ ချယ်လ်ဆီးအသင်းသို့ စံချိန်တင် ပြောင်းရွှေ့ကြေး ယူရို သန်း ၁၀၀  ဖြင့်  ပြောင်းရွှေ့ ကစားခဲ့ခြင်းဖြစ်ပြီး ချယ်လ်ဆီးအသင်းနှင့် ပထမဆုံး ပွဲစဉ်အဖြစ် လီဗာပူးအသင်းနှင့် ချယ်လ်ဆီးအသင်းတို့ ကစားသည့်ပွဲစဉ်တွင်  စတင်ပါဝင်ကစားခဲ့ခြင်း ဖြစ်သည်။

မူဒရစ်သည် လီဗာပူးအသင်းနှင့်ပွဲစဉ်တွင် စတင် ပါဝင်ကစားခဲ့သော်လည်း ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခြင်းမဟုတ်ဘဲ   လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့ပြီး အကောင်းဆုံးခြေစွမ်းပြနိုင်ခဲ့သည်။

 မူဒရစ်သည်  ချယ်လ်ဆီးအသင်းနှင့် လီဗာပူးအသင်းတို့ ကစားသည့်ပွဲစဉ်တွင်   အသင်းတိုက်စစ်ပိုင်း၌ အကောင်းဆုံးပုံစံဖြင့် ကစားနိုင်ပြီး တစ်နာရီလျှင် ၃၆ ဒသမ ၆၃ ကီလိုမီတာ ပြေးလွှားကစားနိုင်ကာ မြန်နှုန်းအမြင့်ဆုံး ကစားသမားအဖြစ် ရပ်တည်နိုင်ခဲ့ခြင်းဖြစ်သည်။

လက်ရှိဘောလုံးရာသီ    ပရီးမီးယားလိဂ်ပြိုင်ပွဲ မြန်နှုန်းအမြင့်ဆုံးကစားသမားစာရင်းတွင် မူဒရစ်၏ နောက်၌  အဲဗာတန်အသင်းမှ ဂေါ်ဒွန်က တစ်နာရီ လျှင် ၃၆ ဒသမ ၆၁ ကီလိုမီတာဖြင့်လည်းကောင်း၊ လီဗာပူးအသင်းမှ  ဒါဝင်နူနက်စ်က ၃၆ ဒသမ ၅၃ ကီလိုမီတာဖြင့်လည်းကောင်း၊ မန်စီးတီးအသင်းမှ ဟာလန်းက ၃၆ ဒသမ ၂၂  ကီလိုမီတာဖြင့်လည်း ကောင်း၊ ချယ်လ်ဆီးအသင်းမှ ဇာကာရီက ၃၆ ဒသမ၀၉ ကီလိုမီတာဖြင့်လည်းကောင်း အသီးသီးရပ်တည်လျက်ရှိကြောင်း သိရသည်။     

Ref;Sky Sports