အဲဗာတန်အသင်းက အငှားခေါ်ယူရန် ဆေးစစ်မှုခံယူပြီးဖြစ်သည့် တောင်ပံကစားသမားဒန်ဂျူးမားကို စပါးအသင်းက ကြားဖြတ်ခေါ်ယူရန် သဘောတူညီမှုရရှိထား
စပါးအသင်းက ဇန်နဝါရီကစားသမားအပြောင်းအရွှေ့ကာလတွင် အဲဗာတန်အသင်းက အငှားခေါ်ယူရန် သဘောတူညီမှုရရှိထားပြီး ဆေးစစ်မှုခံယူပြီးဖြစ်သည့် ဗီလာရီးယဲလ်အသင်းမှ တောင်ပံကစားသမား ဒန်ဂျူးမားကို ကြားဖြတ်ခေါ်ယူရန် သဘောတူညီမှုရရှိထားကြောင်း သိရသည်။
အဲဗာတန်အသင်းက ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ဒန်ဂျူးမားကို ယခုဘောလုံးရာသီအကုန်အထိ အငှား စာချုပ်ဖြင့်ခေါ်ယူရန် သဘောတူညီမှုရရှိပြီး ဆေးစစ်မှုများ ပြုလုပ်ပြီးနောက် စာချုပ်လက်မှတ်မရေးထိုးမီ စပါးအသင်းက ကြားဖြတ်ကမ်းလှမ်းမှုပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
စပါးအသင်းက ဒန်ဂျူးမားကို ကြားဖြတ်ခေါ်ယူရန် ဆွေးနွေးမှုများပြုလုပ်ပြီး နာရီပိုင်းအတွင်းပင် ယခုဘောလုံးရာသီအကုန်အထိ အငှားစာချုပ်ဖြင့် ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်ပြီး အငှားစာချုပ်ပြည့်မြောက်ပါက အပြီးသတ်ခေါ်ယူခွင့်ဖြင့် ခေါ်ယူနိုင်မည်ဖြစ်သည်။
အသက် ၂၅ နှစ်အရွယ် ဒန်ဂျူးမားသည် ပြီးခဲ့သည့်ဘောလုံးရာသီက အကောင်းဆုံးခြေစွမ်း ပြသနိုင်ခဲ့သော်လည်း ယခုဘောလုံးရာသီတွင် ဒဏ်ရာရရှိပြီးနောက်ပိုင်း ပြန်လည်သက်သာလာချိန်တွင် ပုံမှန်
ပွဲထွက်ခွင့်မရရှိတော့သည့်အတွက် ဗီလာရီးယဲလ်အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ပြီး စပါးအသင်းက ရာသီအကုန်တွင် အပြီးသတ်ခေါ်ယူဖွယ်ရှိနေကြောင်း သိရသည်။
Ref:Dailymail