တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးတို့ရှိ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်၍ စုပေါင်းကုသိုလ်ပြု
နေပြည်တော်၊ ဇန်နဝါရီ - ၂၆
တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များမှ ဘုရားစေတီများသို့ ဘုရားဖူးလာရောက်ကြမည့် ရဟန်းသံဃာတော်များနှင့် အများပြည်သူများ စိတ် အေးချမ်းသာစွာ တရားဘာဝနာပွားများ၍ ဖူးမြော်ကြည်ညို နိုင်စေရေးအတွက် ဘုရား၊ စေတီ၊ ပုထိုးတော်များနှင့် ပတ်ဝန်းကျင်သန့်ရှင်း သာယာလှပစေရန် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ နယ်မြေခံတပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဒေသခံပြည်သူများက သန့်ရှင်းရေး လုပ်ငန်းများ ကုသိုလ်ပြု စုပေါင်းဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ဘုရားစေတီပုထိုးများနှင့် ဘုန်းတော်ကြီး ကျောင်းများ၌ စုပေါင်းသန့်ရှင်း ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ မြို့နယ်(၈)နယ်တို့၌ လည်းကောင်း၊ ကချင်ပြည်နယ်အတွင်းရှိ မြို့နယ်(၇) မြို့နယ်တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(မြောက်ပိုင်း) အတွင်းရှိ မြို့နယ်(၁၀)မြို့နယ် တို့၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်းရှိ မြို့နယ်(၁၅)မြို့နယ်တို့၌ လည်းကောင်း၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) အတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ် (၁၀)မြို့နယ်တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၇)မြို့နယ် တို့၌လည်းကောင်း၊ ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၂၆)မြို့နယ်တို့၌ လည်းကောင်း၊ ရခိုင်ပြည်နယ် အတွင်းမြို့နယ်(၁၇)မြို့နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝ မြို့နယ်တို့၌ လည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၁၁)မြို့နယ်တို့၌ လည်းကောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်(၉)မြို့နယ် တို့၌လည်းကောင်း၊ မကွေးတိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်(၁၀)မြို့နယ်တို့၌ လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး အတွင်းရှိ မြို့နယ်(၈)မြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီး မြို့နယ်တို့၌ လည်းကောင်း ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ တူးဖော်ပေးခြင်း၊ ဘုရား၊ စေတီများနှင့် ရုပ်ပွားတော်များအား ရောင်တော်ဖွင့်ပေးခြင်း၊ ထုံးသင်္ကန်းများ ဆက်ကပ်ခြင်း စသည့် သန့်ရှင်းရေး လုပ်ငန်းများကို ကုသိုလ်ပြု ဆောင်ရွက်ကြသည်။
ယင်းသို့ဆောင်ရွက်နေမှုများကို သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ် သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။