တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်

နေပြည်တော်၊ ဇန်နဝါရီ - ၂၆

နိုင်ငံတော်အေးချမ်းသာယာစေရန်၊ နိုင်ငံအဝန်းဘေးအန္တရာယ် ကင်းရှင်းစေရန်နှင့် ပြည်သူများ စိတ်ကြည်နူးအေးချမ်းစေရန် ရည်ရွယ်၍ တပ်မတော်သားများနှင့် မိသားစုဝင်များ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ဌာနဆိုင်ရာ အသီးသီးမှ ဝတ်ရွတ်အသင်းများက သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ် အသီးသီးရှိ ဓမ္မာရုံများ၊ စေတီပုထိုးများ၊ ဘုန်းတော်ကြီးကျောင်းများ၌ မြတ်စွာ ဘုရားရှင်အား ရည်မှန်း၍ အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရယ်ကင်းပရိတ် တရားတော်များ၊ ပဋ္ဌာန်းဒေသနာတော် များနှင့် ဇယမင်္ဂလာ ဂါထာတော်များကို   ရွတ်ဆိုပူဇော်လျက်ရှိသည်။

ယနေ့တွင် နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် ဓမ္မာရုံများ၌ လည်းကောင်း၊ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်နယ်/တပ်ရင်းများရှိ ဘုရားစေတီပုထိုးများနှင့် ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်း မြို့နယ်(၅)မြို့နယ်ရှိ ဓမ္မာရုံများ၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်ရှိ  တိုင်းဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)အတွင်း မြို့နယ်(၁၁)မြို့နယ်ရှိ ဓမ္မာရုံများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် ဓမ္မာရုံနှင့် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ ချမ်းမြေ့ဂုဏ်ဝေပရိဟိတကျောင်းတိုက်၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း မြို့နယ်(၇)မြို့နယ်ရှိ ဓမ္မာရုံများ၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်ရှိ တိုင်းဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/ တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးအတွင်း မြို့နယ်(၂၆)မြို့နယ်ရှိ စေတီတော်မြတ်ကြီးများ၊ ဓမ္မာရုံများ၊ အနောက်တောင်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ  ဓမ္မာရုံများ၌ လည်းကောင်း၊   ရခိုင်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများ၊ ရပ်ကွက် ဓမ္မာရုံများ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း၊  မန္တလေးတိုင်း ဒေသကြီးအတွင်း မြို့နယ်(၈)မြို့နယ်နှင့် မကွေးတိုင်းဒေသကြီးအတွင်း မြို့နယ်(၈)မြို့နယ်တို့ရှိ ဓမ္မာရုံများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်ရှိ  နန်းဦးဆုတောင်းပြည့် ဘုရားဝန်းအတွင်းရှိ ရန်အောင်မြင် ဓမ္မာရုံနှင့် ဓမ္မာရုံနှင့် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များရှိ ဓမ္မာရုံများ၌ လည်းကောင်း အသီးသီး ရွတ်ဖတ်ပူဇော်ကြသည်။

အဆိုပါ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ပွဲများသို့ တိုင်းဒေသကြီးနှင့် ပြည် နယ်အသီးသီးမှ တာဝန်ရှိသူများ၊ တိုင်းစစ်ဌာနချုပ်အလိုက် တိုင်းမှူးများ၊ ဒုတိယတိုင်းမှူးများနှင့် တာဝန်ရှိသူများ၊ တပ်ရင်း/တပ်ဖွဲ့များမှ တာဝန်ရှိသူများနှင့် ဝတ်ရွတ်အသင်းများ တက်ရောက်၍ သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်း ကြသည်။ ထို့နောက် သက်ဆိုင်ရာဝတ်အသင်းများက အတွင်းအောင်ခြင်းရှစ်ပါး၊ အပြင်အောင်ခြင်းရှစ်ပါးပါဠိတော်၊ ဓဇဂ္ဂသုတ်အပါအဝင် အန္တရယ်ကင်းပရိတ်တရား တော်များ၊ ပဋ္ဌာန်းဒေသနာတော်များနှင့် ဇယမင်္ဂလာ ဂါထာတော်များကို အသီးသီး ဆက်လက်ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။