အိန္ဒိယသမ္မတနိုင်ငံ(၇၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ်ဧည့်ခံပွဲကျင်းပ
ရန်ကုန် ဇန်နဝါရီ ၂၆
အိန္ဒိယသမ္မတနိုင်ငံ၏(၇၄)နှစ်မြောက် အမျိုးသားနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ယနေ့ညပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ သံတမန်လမ်းရှိ အိန္ဒိယသံ အမတ်ကြီး နေအိမ်၌ ကျင်းပသည်။
အဆိုပါ ဧည့်ခံပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး တေဇကျော်နှင့်ဇနီး၊ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့်ဇနီး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် ညွန့်ဝင်းဆွေနှင့်ဇနီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးကျော်မျိုးထွဋ်၊ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်မြို့ရှိ နိုင်ငံခြားသံရုံးများမှ သံအမတ် ကြီးများ၊ သံရုံးယာယီတာဝန်ခံများ၊ စစ်သံမှူးများ၊ ကုလသမဂ္ဂဆိုင်ရာဌာနေကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ အခမ်းအနားသို့တက်ရောက်လာကြသောဧည့်သည်တော်များအား မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတ နိုင်ငံသံအမတ်ကြီးH.E.Mr.Shri Vinay Kumar၊ စစ်သံမှူးနှင့် တာဝန်ရှိသူတို့က ကြိုဆို နှုတ်ဆက်ကြသည်။
ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သီချင်းနှင့် အိနိ္ဒယသမ္မတနိုင်ငံတော်သီချင်းတို့ဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ပြီး သံအမတ်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားသည်။ ဆက်လက်၍ အိနိ္ဒယယဉ်ကျေးမှုအဖွဲ့များမှ အိန္ဒိယနိုင်ငံ၏ ရိုးရာယဉ်ကျေးမှုအကများဖြင့် ဖျော်ဖြေတင် ဆက်ကြသည်။
ယင်းနောက် သံအမတ်ကြီးနှင့်ဇနီး၊ စစ်သံမှူးတို့က အခမ်းအနားတက်ရောက်လာသူများအား ဂုဏ်ပြုညစာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရရှိသည်။