၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဒီဘရိုင်း ထိပ်ဆုံး၌ရပ်တည်

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သွင်းဂိုးနှင့် ဂိုးဖန်တီးမှုအများဆုံးကစားသမားစာရင်းတွင် မန်စီးတီးအသင်း ကွင်းလယ်ကစားသမားဒီဘရိုင်း ထိပ်ဆုံး၌ရပ်တည်

ဘယ်လ်ဂျီယံအသင်းနှင့်  မန်စီးတီးအသင်းကွင်းလယ်ကစားသမား ဒီဘရိုင်းသည် ၂၀၀၀ ပြည့်နှစ်နောက်ပိုင်း ဘောလုံးလောက၌ သွင်းဂိုးနှင့်ဂိုးဖန်တီးမှု အများဆုံးကစားသမားစာရင်းတွင် ထိပ်ဆုံး၌ ရပ်တည်နေကြောင်း သိရသည်။

ဒီဘရိုင်း၏ ပရော်ဖက်ရှင်နယ်ကစားသမားဘဝကို ဘယ်လ်ဂျီယံအသင်း၊ ဂျန့်အသင်း၊ ချယ်လ်ဆီးအသင်း၊ ဝုဖ်ဘတ်အသင်းနှင့် မန်စီးတီးအသင်းတို့တွင်ကစားခဲ့ကာ လက်ရှိအချိန်ထိ သွင်းဂိုးနှင့် ဂိုးဖန်တီးမှု ၄၀၁ ကြိမ်အထိရှိနေပြီး  သွင်းဂိုးနှင့်ဂိုးဖန်တီးမှု အများဆုံးကစားသမားအဖြစ် ရပ်တည်လျက်ရှိသည်။

ဒီဘရိုင်းသည် ၎င်းင်း၏ ပရော်ဖက်ရှင်နယ်ကစား သမားဘဝအောင်မြင်မှုများကို ၂၀၁၅ ခုနှစ်က မန်စီးတီးအသင်းသို့ ပြောင်းရွှေ့ကစားခဲ့ပြီးနောက် ရရှိခဲ့ခြင်းဖြစ်ကာ လက်ရှိအချိန်တွင် မန်စီးတီးအသင်းနှင့် ပြိုင်ပွဲစုံ ၃၃၃ ပွဲအထိကစားထားပြီး ကွင်းလယ်ကစားသမားတစ်ဦးဖြစ်သော်လည်း သွင်းဂိုး ၈၉ ဂိုးအထိ သွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

၂၀၀၀ ပြည့်နှစ်နောက်ပိုင်း သွင်းဂိုးနှင့်ဂိုးဖန်တီးမှု အကြိမ်ရေအများဆုံးကစားသမားအဖြစ်  ဒီဘရိုင်း၏ နောက်တွင် ကာကာက ၃၉၈ ကြိမ်၊ ဒေးဗစ်ဆေးလ်ဗားက ၃၆၅ ကြိမ်၊ အိုဇေးလ်က ၃၆၁ ကြိမ်၊ ဇီဒန်းက ၃၆၁ ကြိမ်၊ ဂျူနင်ဟိုက ၃၅၁ ကြိမ်၊ ရှနိုက်ဒါက ၃၄၉ ကြိမ်နှင့် အဲရစ်ဆင်က ၃၃၆ ကြိမ်ဖြင့် အသီးသီးရပ်တည်နေကြောင်း သိရသည်။    

Ref;One football