လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကြံ့ခိုင်မှု အကောင်းဆုံးကစားသမားအဖြစ် မန်ယူအသင်းမှ ဖာနန်ဒက်စ် ရပ်တည်လျက်ရှိ

လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကြံ့ခိုင်မှု အကောင်းဆုံးကစားသမားအဖြစ် မန်ယူအသင်းမှ ဖာနန်ဒက်စ် ရပ်တည်လျက်ရှိ

လက်ရှိ ပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ကစားနေသည့် ကစားသမားများတွင် ကြံ့ခိုင်မှုအကောင်းဆုံးကစား သမားအဖြစ် မန်ယူအသင်း ကွင်းလယ်ကစားသမား ဖာနန်ဒက်စ်က ရပ်တည်လျက်ရှိကြောင်း သိရသည်။

အသက် ၂၈ နှစ်အရွယ် ဖာနန်ဒက်စ်သည်  ၂၀၂၀ ပြည့်နှစ်     ဇန်နဝါရီကစားသမား အပြောင်းအရွှေ့ကာလက စပို့တင်းလစ္စဘွန်းအသင်းမှ မန်ယူအသင်း သို့ စတာလင်ပေါင် ၆၃ သန်းဖြင့် ပြောင်းရွှေ့ကစားခဲ့သူဖြစ်ပြီး ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ သုံးရာသီမြောက်အဖြစ် ကစားနေသူဖြစ်သည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းသို့ ပြောင်းရွှေ့ကစားပြီးနောက် အသင်းကွင်းလယ်ပိုင်းတွင် အဓိကကစားသမားအဖြစ် ခြေစွမ်းပြနိုင်ခဲ့ကာ လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင်လည်း အကောင်းဆုံးကွင်းလယ်ကစားသမားများတွင် တစ်ဦးအပါအဝင် ရပ်တည်နေသူဖြစ်သည်။

ဖာနန်ဒက်စ်သည်   မန်ယူအသင်း၌ကစားသော ဘောလုံးရာသီသုံးရာသီအတွင်း နော်တင်ဟမ်အသင်း နှင့်ကစားခဲ့သည့်  ကာရာဘောင်းဖလားပြိုင်ပွဲတွင် ပါဝင်ကစားခဲ့ပြီးနောက် အသင်းနှင့် ပြိုင်ပွဲစုံ ၁၅၅ပွဲ အထိရှိလာပြီး တစ်ရာသီအတွင်း စုစုပေါင်းပြိုင်ပွဲစုံ ပွဲပေါင်း ၅၂ ပွဲနှုန်းနီးပါးကစားခဲ့သူဖြစ်သည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းတွင်ကစားသည့် ဘောလုံးရာသီသုံးရာသီအတွင်း ပွဲစဉ်များဆက်တိုက် ကစားခဲ့သော်လည်း ဒဏ်ရာရရှိခြင်းတစ်ကြိမ်မျှမရှိဘဲ အဖျားဝေဒနာကြောင့် နှစ်ရက်သာအနားယူခဲ့ရပြီး ကျန်အချိန်များတွင် အသင်းနှင့်အချိန်ပြည့်ကစားခဲ့ပြီးနောက် လက်ရှိပရီးမီးယားလိဂ်ပြိုင်ပွဲတွင် ဒဏ်ရာမရရှိဖူးသည့်    ကစားသမားတစ်ဦးအဖြစ်ရှိနေပြီး  ကြံ့ခိုင်မှုအကောင်းဆုံးကစားသမားအဖြစ်  ရပ်တည်လျက်ရှိသည်။

ဖာနန်ဒက်စ်သည် မန်ယူအသင်းနှင့် ပြိုင်ပွဲစုံ ၁၅၅ ပွဲကစားခဲ့ရာတွင် ၅၆ ဂိုးသွင်းယူနိုင်ပြီး ဂိုးဖန်တီးမှု ၄၅ ကြိမ်အထိပြုလုပ်နိုင်သကဲ့သို့ ယခုဘောလုံးရာသီ တွင်လည်း ၂၉ ပွဲတွင် ခြောက်ဂိုးသွင်းယူထားကြောင်း သိရသည်။                           

 Ref:ESPN