စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့်တွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေ
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် အတွက် မဲခွဲမှုအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ထိပ်တိုက်တွေ့ဆုံနေကြောင်း သိရသည်။
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ကွာတားဖိုင်နယ် အဆင့်တွင် ဘာစီလိုနာအသင်းက ဆိုစီဒက်စ်အသင်း ကို ၁ ဂိုး - ဂိုးမရှိ၊ ရီးယဲလ်မက်ဒရစ်အသင်းက အက်သလက်တီကိုအသင်းကို ၃ ဂိုး - ၁ ဂိုး၊ ဘီလ်ဘာအိုအသင်းက ဗလင်စီယာအသင်းကို ၃ ဂိုး - ၁ ဂိုး၊ အိုဆာဆူနာအသင်းက ဆီဗီလာအသင်းကို ၂ ဂိုး - ၁ ဂိုးဖြင့် အသီးသီးအနိုင်ရရှိပြီးနောက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ခဲ့ကြခြင်းဖြစ်သည်။
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲ ဆီမီးဖိုင်နယ်အဆင့် အတွက် မဲခွဲမှုအပြီးတွင် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်း၊ အိုဆာဆူနာအသင်းနှင့် ဘီလ်ဘာ အိုအသင်းတို့ ထိပ်တိုက်တွေ့ဆုံခဲ့ကြပြီး ဆီမီးဖိုင်နယ် အဆင့် ပထမအကျော့ပွဲစဉ်များကို ဖေဖော်ဝါရီ ၂၈ ရက်တွင်လည်းကောင်း၊ ဒုတိယအကျော့ပွဲစဉ်များကို ဧပြီ ၄ ရက်တွင်လည်းကောင်း အသီးသီးယှဉ်ပြိုင်ကစားမည်ဖြစ်ကာ ဗိုလ်လုပွဲကို မေ ၇ ရက်တွင် ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။
စပိန်ကိုပါဒယ်ရေးဖလားပြိုင်ပွဲတွင် ဘာစီလိုနာ အသင်းက ချန်ပီယံဆု ၂၆ ကြိမ် ဆွတ်ခူးထားပြီး အအောင်မြင်ဆုံးအသင်းအဖြစ် ရပ်တည်နေကာ ရီးယဲလ်မက်ဒရစ်အသင်းက ချန်ပီယံဆု ၁၉ ကြိမ် ဆွတ်ခူးထားကြောင်း သိရသည်။
Ref;Marca