ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ
စစ်အုပ်ချုပ်ရေး(Martial Law)အမိန့်အမှတ်၊ ၆ / ၂၀၂၃
၁၃၈၄ ခုနှစ်၊ တပို့တွဲလဆန်း ၁၃ ရက်
( ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်)
၁။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် လုံခြုံရေး၊တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေ အေးချမ်းသာယာရေးကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်အလို့ငှာ ဒေသကွပ်ကဲမှုစစ်ဌာန ချုပ်(လွိုင်ကော်) ဒေသကွပ်ကဲရေးမှူးအား ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်) နယ်မြေ ဖြစ်သည့် ကယားပြည်နယ်အတွင်းရှိ အောက်ပါမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင် ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးရန် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၉ အရ အပ်နှင်းလိုက်သည်-
(က) ဒီမော့ဆိုမြို့နယ်
( ခ) ဖရူဆိုမြို့နယ်
( ဂ) ရှားတောမြို့နယ်
(ဃ) ဘော်လခဲမြို့နယ်
၂။ ဒေသကွပ်ကဲရေးမှူးသည် အချိန်နှင့်တစ်ပြေးညီ ပြောင်းလဲဖြစ်ပေါ်လျက်ရှိသော အခြေအနေ အရပ်ရပ်အပေါ်မူတည်၍ မိမိကိုယ်တိုင်သော်လည်းကောင်း၊ စစ်နယ်မြေမှူးများကို တာဝန်လွှဲအပ်၍လည်းကောင်း စစ်အုပ်ချုပ်ရေး(Martial Law) အာဏာကို ကျင့်သုံးနိုင် သည်။
အမိန့်အရ
အောင်လင်းဒွေး
ဒုတိယဗိုလ်ချုပ်ကြီး
အတွင်းရေးမှူး
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ