နေပြည်တော် အောက်တိုဘာ ၂၅
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ယနေ့ည ၈ နာရီတွင် COVID-19 ရောဂါစောင့်ကြပ်ကြည့်ရှုမှုနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ချက်အရ ယနေ့ဓာတ်ခွဲအဖြေများ၌ COVID-19 ရောဂါပိုးတွေ့လူနာ ၉၈၆ ဦးနှင့်သေဆုံးသူ ၂၉ ဦးရှိကြောင်း သိရသည်။
(၂၄-၁၀-၂၀၂၀)ရက် ဓာတ်ခွဲစစ်ဆေးမှုများတွင် တွေ့ရှိခဲ့သော ဓာတ်ခွဲအတည်ပြုလူနာ ၁၄၂၃ ဦး၏မြို့နယ်အလိုက် တွေ့ရှိရမှု အခြေအနေကို ယနေ့ည ၇ နာရီခွဲတွင် သတင်းထုတ်ပြန်ခဲ့သည်။
(၂၄-၁၀-၂၀၂၀)ရက် ည ၈ နာရီမှ (၂၅-၁၀-၂၀၂၀)ရက် ည ၈ နာရီအတွင်း ဓာတ်ခွဲနမူနာစုစုပေါင်း ၁၁၆၉၂ ခုအား စစ်ဆေးပြီးစီးခဲ့ရာ COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာသစ် ၉၈၆ ဦး တွေ့ရှိရကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။