၀င်းသိင်္ဂီထွန်း ထိုင်းအမျိုးသမီးကလပ် College of Asian Scholars အသင်းသို့ ပြောင်းရွှေ့

၀င်းသိင်္ဂီထွန်း ထိုင်းအမျိုးသမီးကလပ် College of Asian Scholars အသင်းသို့ ပြောင်းရွှေ့

မြန်မာ့လက်ရွေးစင်အမျိုးသမီးအသင်း နှင့် မြန်မာအမျိုးသမီးလိဂ်ပြိုင်ပွဲဝင် အသင်းတစ်သင်းဖြစ်သည့် သစ္စာအားမာန်အသင်း ဝါရင့်တိုက်စစ်ကစားသမား တစ်ဦးဖြစ်သည့် ဝင်းသိင်္ဂီထွန်းသည် ထိုင်းအမျိုးသမီးလိဂ် ကလပ်အသင်းဖြစ်သည့်  College Of Asian Scholars အသင်းသို့ ပြောင်းရွှေ့ကစားခဲ့ကြောင်း သိရသည်။

ဝင်းသိင်္ဂီထွန်းသည်   ၂၀၂၁   ခုနှစ် အောက်တိုဘာလက  အိန္ဒိယအမျိုးသမီးလိဂ်   ကလပ်အသင်းတစ်သင်း ဖြစ်သည့် ဂိုကူလမ်အသင်း၌ သွားရောက်ကစားခဲ့ရာ မြန်မာအမျိုးသမီး ဘောလုံးကစားသမားများတွင် ပထမဆုံး ပြည်ပကလပ်အသင်း၌ ကစားသည့်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

ထို့နောက်  ဂိုကူလမ်အသင်းနှင့်စာချုပ်သက်တမ်းကုန်ဆုံးချိန်တွင် သစ္စာအားမာန်အသင်းနှင့် ပြန်လည်ပူးပေါင်း ခဲ့သော်လည်း ၂၀၂၂  ခုနှစ်  ရာသီဝက်ကာလက  သစ္စာအားမာန်အသင်းမှ အိန္ဒိယကလပ်အသင်း တစ်သင်းဖြစ်သည့်     လော့အက်ဖ်အေအသင်းထံ  ရာသီဝက်အငှားစာချုပ်ဖြင့် ထပ်မံပြောင်းရွှေ့ကစားခဲ့သည်။

ဝင်းသိင်္ဂီထွန်းသည်    အိန္ဒိယကလပ်အသင်းများ၌ အကောင်းဆုံးခြေစွမ်းပြကာ သွင်းဂိုးများ   သွင်းယူနိုင် ခဲ့သည့်အတွက် College Of Asian Scholars အသင်းက တစ်ရာသီစာချုပ်ဖြင့် ခေါ်ယူခဲ့ခြင်းဖြစ်ပြီး ယခုလအတွင်း သွားရောက်ပူးပေါင်းရမည် ဖြစ်သည်။

လက်ရှိတွင် ဝင်းသိင်္ဂီထွန်းသည် ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲ အမျိုးသမီးဘောလုံးပြိုင်ပွဲခြေစစ်ပွဲအတွက် မြန်မာ့လက်ရွေးစင်အသင်းနှင့်ပူးပေါင်းပြီး စခန်းသွင်းလေ့ကျင့်နေသော်လည်း College Of Asian Scholars အသင်းက ခေါ်ယူပါက စေလွှတ်ပေးမည်ဖြစ်ကာ ပြိုင်ပွဲနီးကပ်လာသည့် အချိန်မှသာ အသင်းထံ ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရသည်။       

 စည်သူအောင