လားရှိုးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီး

နေပြည်တော် အောက်တိုဘာ  ၂၅

နယ်စပ်ရေးရာဝန်ကြီးဌာန   နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်အတွင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့နယ်တွင် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းစဉ်ဖြစ်သော လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေးအတွက် လားရှိုးမြို့နယ် ပုန်းထွန်-ဟန်နားကျေးရွာချင်းဆက်လမ်း(၅/ဝ)မိုင်မှ (၂/ဝ)မိုင် ကတ္တရာထပ်ပိုးလွှာခင်းခြင်းလုပ်ငန်းအား နယ်စပ်ဒေသဖွံ့ဖြိုးရေး ခွင့်ပြုရန်ပုံငွေ ငွေကျပ် ၂၀၀ ဒသမ ၃၇၆ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယနေ့နံနက်ပိုင်းတွင် လုပ်ငန်းအားလုံး  သတ်မှတ်စံချိန်စံညွှန်း များနှင့်အညီ ဆောင်ရွက်ပြီးစီးပြီ ဖြစ်သည်။

အဆိုပါ ကျေးရွာချင်းဆက်လမ်းအား ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနိုင်ခဲ့သဖြင့်  ၎င်းလမ်းအား အသုံးပြုလျက်ရှိသော ဒေသခံတိုင်းရင်းသား ပြည်သူများ၏ ဒေသထွက်ကုန်များ ရာသီမရွေး အချိန်မရွေး မြို့ပေါ်ဈေးကွက်များသို့ အချိန်တိုအတွင်း ရောင်းဝယ်ဖောက်ကားနိုင်ခဲ့ရာ ဒေသခံများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း သိရသည်။