အာဆင်နယ်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် လူငယ်တောင်ပံ ကစားသမား မာတင်နယ်လီကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

အာဆင်နယ်အသင်းနှင့် အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့် လူငယ်တောင်ပံ ကစားသမား မာတင်နယ်လီကို ၂၀၂၇ ခုနှစ်အထိ သက်တမ်းတိုးစာချုပ်ချုပ်ဆို

    အာဆင်နယ်အသင်းက  ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြလျက်ရှိသည့်  လူငယ်တောင်ပံကစားသမား မာတင်နယ်လီကို ၂၀၂၇ ခုနှစ် ဇွန်လအထိ သက်တမ်းတိုး စာချုပ်ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရသည်။

အသက်  ၂၁   နှစ်အရွယ် မာတင်နယ်လီသည် အာဆင်နယ်အသင်း  အကယ်ဒမီထွက် လူငယ်ကစားသမား တစ်ဦးဖြစ်သော်လည်း ၂၀၁၈ ခုနှစ်က ဘရာဇီးကလပ် အီတူအာနိုအသင်းနှင့်  ကစားသမားဘဝကို စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်က အာဆင်နယ်အသင်းသို့ ပြန်လည်ပြောင်းရွှေ့ ကစားခဲ့သူဖြစ်သည်။

မာတင်နယ်လီသည်     အာဆင်နယ်အသင်း၌  နည်းပြအာတီတာ လက်အောက်တွင် အဓိကတောင်ပံ တိုက်စစ်ကစားသမား တစ်ဦးအဖြစ် ပါဝင်ခွင့်ရရှိနေသူ ဖြစ်ပြီး ယခုဘောလုံးရာသီတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲ၌ ၁၉ ပွဲကစားခဲ့ရာ  ခုနစ်ဂိုးအထိ သွင်းယူနိုင်ခဲ့သည့်အပြင်  ဂိုးဖန်တီးမှု နှစ်ကြိမ်ပြုလုပ်နိုင်ခဲ့သည်။

မာတင်နယ်လီနှင့်အာဆင်နယ် အသင်းတို့ ယခင်ချုပ်ဆိုခဲ့သည့် စာချုပ်အဟောင်းမှာ ယခုဘောလုံးရာသီအကုန်တွင်   ကုန်ဆုံးမည်ဖြစ်ပြီး    ရာသီအကုန်တွင်  အလွတ်ပြောင်းရွှေ့ကြေးဖြင့်    လက်လွှတ်ရနိုင်သည့် အခြေအနေများကြောင့် အာဆင်နယ်အသင်းက ယခုဘောလုံးရာသီ အစပိုင်းကတည်းက    သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ဆွေးနွေးခဲ့ရာ ယခုအခါ သဘောတူညီမှု ရရှိခဲ့ကြောင်း သိရသည်။