တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ဖျက်ဆီး

နေပြည်တော်၊ ဖေဖော်ဝါရီ -

       တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့ရှိ မြို့နယ်သစ်တောဦးစီး ဌာနရုံးအား ဖေဖော်ဝါရီ ၄ ရက် နံနက်ပိုင်းတွင် PDF အမည်ခံ အကြမ်းဖက်သမားများက အကြောင်းမဲ့မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

    ဖြစ်စဉ်မှာ လောင်းလုံမြို့ရှိ မြို့နယ် သစ်တောဦးစီးဌာနရုံးသို့ ဖေဖော်ဝါရီ ၄ ရက် နံနက် ၂ နာရီ ၃၀ မိနစ်ခန့်တွင် PDF အမည်ခံအကြမ်းဖက်သမားများက ဝင်ရောက်လာပြီး ရုံးအဆောက်အဦအား အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့သဖြင့် မီးလောင်မှုဖြစ်ပွားခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မီးသတ်ယာဉ် ၂ စီးဖြင့်သွားရောက် မီးငြှိမ်းသတ်ခဲ့ရာ နံနက် ၃ နာရီ ၅၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့ကြောင်း၊ ထိုသို့ အကြမ်းဖက်သမားများ၏ မီးရှို့ဖျက်ဆီးခဲ့မှုကြောင့် သွပ်မိုး၊ အုတ်ကာဆောက်လုပ်ထားသည့် ရုံးတစ်ထပ် အဆောက်အဦ ၁ လုံး၊ ရုံးအတွင်း ထားရှိသည့် ကွန်ပျူတာ ၂ လုံး၊ ပရင်တာ ၃ လုံး၊ သစ်ဖြတ်စက်(Chain Saw) ၁ လုံးနှင့် ရုံးသုံးစာရွက်စာတမ်းများ မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

     ထိုသို့ မြို့နယ်သစ်တော ဦးစီးဌာနရုံးအား မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်သမားများအား  ဖော်ထုတ်ဖမ်းဆီးနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးတို့အတွက် လုံခြုံရေး တပ်ဖွဲ့ဝင် များက လုံခြုံရေးလုပ်ငန်းများနှင့်အညီ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။