သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင်အတွင်းရှိ စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား တွေ့ဆုံ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

       ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်နှင့် နတ်တလင်းခရိုင် အတွင်းရှိ စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၊ သဲကုန်းမြို့နယ်၊ အင်းမမြို့ရှိ ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင် များအား ဖေဖော်ဝါရီ ၁၀ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထိန်ဝင်းနှင့် တာဝန်ရှိသူများက အင်းမတပ်နယ်၊ နယ်မြေခံ တပ်ရင်းခန်းမ၌ တွေ့ဆုံ သည်။

       ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် ပြည်သူ့စစ်(ဌာနေ)တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

     ထို့နောက် တိုင်းစစ်ဌာနချုပ် နယ်မြေခံဆေးအဖွဲ့က စစ်မှုထမ်းဟောင်း အဖွဲ့ဝင် များနှင့် ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များအား လိုအပ်သည့်ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ထို့သို့ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူးနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။