တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)သည် မအူပင် မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)နှင့်မြစ်ရေယာဉ်(စကု)သည် မအူပင် မြို့နယ်နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ဝကျွန်းပေါ် ကျေးရွာများမှ ဒေသခံပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန်ရောက်ရှိနေသော တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ ပါရဂူ များ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော တပ်မတော်မြစ်တွင်းသွား ဆေးရုံ ရေယာဉ်(ရွှေပုဇွန်)နှင့် မြစ်ရေယာဉ်(စကု)တို့သည် ယနေ့တွင် မအူပင်မြို့နယ်၊ မလတ်တိုကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၁၁၀၉ ဦးအား အဆိုပါကျေးရွာရှိ ဂူကုန်းကျောင်းတိုက်ကြီး၌ အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၃၁၄ ဦး၊ ခွဲစိတ်ရောဂါ ၈၄ ဦး၊ သားဖွား/မီးယပ်ရောဂါ ၄၃ ဦး၊ ကလေးရောဂါ ၅၇ ဦး၊ အရိုးအကြောရောဂါ ၁၁၅ ဦး၊ နား၊ နှာခေါင်း၊ လည်ချောင်းရောဂါ ၁၂၄ ဦး၊ မျက်စိရောဂါ ၂၄၆ ဦးနှင့် သွားရောဂါ ၁၂၆ ဦးတို့ကို လိုအပ်သည့်ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့ပြင် အထွေထွေခွဲစိတ်လူနာ ၁၀ ဦးနှင့် မျက်စိခွဲစိတ်လူနာ ၁၀ ဦးတို့ကို ခွဲစိတ်ကုသ ပေးခြင်းများနှင့် တယ်လီဗေးရှင်းဓာတ်မှန်ရိုက်လူနာ ၇၉ ဦး၊ ECG စက်ဖြင့် နှလုံး စမ်းသပ်လူနာ ၈၃ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၆၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာ များအား နီးစပ်ရာတပ်မတော်ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။

ထို့ပြင် တပ်မတော်မြစ်တွင်းသွားဆေးရုံရေယာဉ် (ရွှေပုဇွန်)ပေါ်၌ တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့မှ သားဖွားမီးယပ် ပါရဂူဗိုလ်ကြီး ရန်ပိုင်ဦး ဦးဆောင်ပြီး မအူပင်မြို့နယ်၊ မလက်တိုကျေးရွာအုပ်စု၊ တမလိုကျေးရွာနေ ဦးစိုးလင်း၏ ဇနီးဖြစ်သူ ဒေါ်ကေခိုင်ဝင်း ကို ယနေ့ညနေ ၄ နာရီ ၄၀ မိနစ်တွင် ၅ ပေါင်၊ ၅ အောင်စရှိ ယောကျ်ားလေး တစ်ဦးအား အောင်မြင်စွာ ခွဲစိတ်မွေးဖွားပေးနိုင်ခဲ့ပြီး ကလေးငယ်ကို မောင်နေဇွန်မင်း ဟု အမည်ပေးခဲ့ကာ ကာကွယ်ရေးဦးစီးချူပ်(ရေ)ဗိုလ်ချူပ်ကြီး မိုးအောင်က ပေးအပ်သည့် ထောက်ပံ့ငွေနှင့် လက်ဆောင်ပစ္စည်းများကို တာဝန်ရှိသူတစ်ဦးက ကိုယ်စားပေးအပ်သည်။

အဆိုပါကလေးငယ်သည် ယခုခရီးစဉ်အတွင်း ဒုတိယအကြိမ် မွေးဖွားပေးခဲ့သည့် ကလေးငယ်ဖြစ်ပြီး တပ်မတော်မြစ်တွင်းသွား ဆေးရုံရေယာဉ်(ရွှေပုဇွန်)၏ ၂၀၁၃ ခုနှစ် မှစ၍ ဆေးကုသပြုလုပ်ပေးမှုသမိုင်းတွင် ၂၆ ဦးမြောက်အဖြစ် အောင်မြင်စွာမွေးဖွား ပေးနိုင်ခဲ့ခြင်းဖြစ် သည်။

ထိုသို့ ဆေးကုသမှုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုကို အနောက်တောင်တိုင်း စစ်ဌာနချူပ်တိုင်းမှူး ဗိုလ်မှူးချုပ် ကြည်ခိုင်နှင့် တာဝန်ရှိသူများက လာရောက်ကြည့်ရှု အားပေးပြီး တပ်မတော်နယ်လှည့် အထူးကုဆေးအဖွဲ့အတွက် စားသောက်ဖွယ်ရာများ ပေးအပ် ခဲ့ကြောင်း သတင်းရရှိသည်။