မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲများပြုလုပ်

မြန်မာနိုင်ငံကလေးများနေ့အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများနှင့် ဆုပေးပွဲများပြုလုပ်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

          မြန်မာနိုင်ငံကလေးများနေ့ အထိမ်းအမှတ် မူကြိုကလေးငယ်များ၏ ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများနှင့် ဆုပေးပွဲ အခမ်းအနားများကို ယနေ့နံနက် ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် ဗလမင်းထင်ခန်းမ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် သံလွင်ခန်းမနှင့် အရှေ့တောင်တိုင်းစစ်ဌာနချုပ် အောင်ဆန်း ခန်းမတို့၌ အသီးသီးပြုလုပ်ကြရာ သက်ဆိုင်ရာ တိုင်းစစ် ဌာနချုပ်များမှ တိုင်းမှူးများ၊ အရာရှိ၊ စစ်သည်၊ မိသားစုဝင်များ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင်မူကြိုကလေးများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းမှူးများနှင့် တာဝန်ရှိသူများက မူကြိုကလေးငယ်များ၏ အဆို၊ အက၊ တေးသရုပ်ဖော် များဖြင့် ကပြဖျော်ဖြေမှုများနှင့် ကာယ၊ ဉာဏစွမ်းရည် ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှုများကိုကြည့်ရှုအား‌ပေးကြသည်။ ထို့နောက် ဒိုင်အဖွဲ့ ဝင်များနှင့် ဆုရရှိကြသည့် မူကြိုကလေးငယ်များအား တိုင်းမှူးများနှင့် တာဝန် ရှိသူများကဆုများနှင့် အမှတ်တရ လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ကြပြီး မူကြိုကလေးများကို အာဟာရ ကျွေးမွေးခဲ့ကြကြောင်း သတင်းရရှိသည်။