ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေယဉ်ကျေးမှု အဖွဲ့များနှင့် သီဆိုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများချီးမြှင့်

ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေယဉ်ကျေးမှု အဖွဲ့များနှင့် သီဆိုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများချီးမြှင့်

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

          ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့အထိမ်းအမှတ် စာပေယဉ်ကျေးမှု အဖွဲ့များနှင့် သီဆိုပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဆုချီးမြှင့်ခြင်းကို ဖေဖော်ဝါရီ ၁၂ ရက် ညပိုင်းတွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ မြို့မအားကစားကွင်း၌ ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် နီလင်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအက အဖွဲ့များ၊ ပြိုင်ပွဲတွင်ဆုရရှိကြသူများ၊ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

          ဦးစွာ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုအကအဖွဲ့များက ရှမ်းပြည်နယ် (အရှေ့ပိုင်း)အတွင်း နေထိုင်ကြသည့် ဒေသခံတိုင်းရင်းသားပြည်သူများ၏ ရိုးရာဓလေ့များကို သရုပ်ဖော်ကပြဖျော်ဖြေကြသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှု အကအဖွဲ့များ၊ တက္ကသိုလ်များရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်း၊ ရှမ်းပြည်နယ်နေ့နှင့် ပြည်ထောင်စုနေ့ ဖျော်ဖြေရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသူများနှင့် ကျိုင်းတုံမြို့၏ လူမှုရေးလုပ်ငန်းများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက် ခဲ့ကြသူများ၊ တိုင်းရင်းသား ရိုးရာဝတ်စားဆင်ယင်မှု သရုပ်ပြအဖွဲ့များနှင့် စုပေါင်းအက အဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုဆုငွေများ အသီးသီးပေးအပ် ချီးမြှင့်ကြသည်။ ယင်းနောက် သီဆိုပြိုင်ပွဲတွင် ဆုရရှိကြသူ များအား တိုင်းမှူးနှင့် တာဝန်ရှိသူများက ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သတင်းရရှိသည်။