၂၀၂၃ခုနှစ်၊(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသား ရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ဆက်လက်ပြသ

၂၀၂၃ခုနှစ်၊(၇၆)နှစ်မြောက်ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းနှင့် တိုင်းရင်းသား ရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်းအရောင်းပြခန်းများ ဆက်လက်ပြသ

နေပြည်တော်၊ ဖေဖော်ဝါရီ - ၁၃

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီးဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ တိုင်းရင်းသားရိုးရာအစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများအား ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ် ပြည်သူ့ရင်ပြင်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ လာရောက်ကြည့်ရူသူများဖြင့် စည်ကားလျက်ရှိသည်။

(၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်ပြခန်းများ၊ ရိုးရာ အစား အစာပြခန်းများပြပွဲကို ဖေဖော်ဝါရီ ၁၀ ရက်မှ ၁၄ ရက်ထိ (၅) ရက်တိုင်တိုင် နံနက်(၉)နာရီမှ ည(၁၀)နာရီအထိကျင်းပသွားမည်ဖြစ်ပြီး အဆိုပါပွဲတော်၌ ဝန်ကြီး ဌာနပြခန်း ၂၅ ခန်း၊ နေပြည်တော်ကောင်စီ၊ တိုင်း ဒေသကြီးနှင့် ပြည်နယ်ပြခန်း ၁၅ ခန်း၊ တိုင်းရင်းသားရိုးရာအစားအစာပြခန်း ၁၅ ခန်း၊ စုစုပေါင်း ၅၅ ခန်းကိုပြသ ထားပြီး တိုင်းရင်းသာရိုးရာအကများ၊ ရုပ်ရှင်အနုပညာရှင်များ၊ စတူဒီယို တေးသံ ရှင်များ၊ မျိုးဆက်သစ် အဆိုရှင်များကလည်းဖျော်ဖြေတင်ဆက် ပေးသွားမည်ဖြစ် သည်။

၂၀၂၃ ခုနှစ်၊ (၇၆)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ် ဝန်ကြီး ဌာန၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ပြခန်းများ တိုင်းရင်းသားရိုးရာ အစားအစာနှင့် ဒေသထွက်ကုန်ပစ္စည်း အရောင်းပြခန်းများဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပလျက်ရှိရာ ပြည်သူများအားလုံး အခမဲ့လာရောက် လည်ပတ်ကြည့်ရှုနိုင်ကြောင်းသိရသည်။