COVID-19  ရောဂါ ကြိုတင်ကာကွယ်ရာတွင် အခြေခံအကျဆုံး အသုံးပြုသည့် Mask များကို တပ်မတော်သားများက အခမဲ့ ပေးဝေလှူဒါန်း

နေပြည်တော်၊ အောက်တိုဘာ - ၂၆

   

တပ်မတော်အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး အရည်အသွေး ကောင်းမွန်သည့် Mask များကို ပြည်သူများ COVID-19  ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသုံးပြု နိုင်ရန် လက်ဝယ်အရောက် အခမဲ့ပေးဝေ လှူဒါန်းလျက်ရှိသည်။

   

ထိုသို့ပေးဝေလှူဒါန်းလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၃၀၀၀ ခုကို အင်းစိန်မြို့နယ် အတွင်း၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် Mask  ၂၀၀၀ ခုကို တောင်ငူမြို့နှင့် ရေတာရှည်မြို့တို့၌ လည်းကောင်း အများပြည်သူ ဖြတ်သန်းသွားလာလျက် ရှိသည့်နေရာများတွင် ဒေသခံပြည်သူ တစ်ဦးချင်း၏ လက်ဝယ်သို့ အရောက်အခမဲ့ ပေးဝေလှူဒါန်းကြသည်။

   

COVID-19  ရောဂါကူးစက် ပြန့်ပွားမှု ကာကွယ်တားဆီးရေးတွင် အထောက်အကူ ဖြစ်စေရန်အတွက်  Mask  များကို အခမဲ့ ဆက်လက်ဖြန့်ဝေ လှူဒါန်းသွားမည် ဖြစ်ကြောင်း သတင်းရရှိသည်။