နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦး (၇၅) နှစ်မြောက် စိန်ရတု ချင်းအမျိုးသားနေ့ အခမ်းအနား တက်ရောက်

၂၀၂၃ ခုနှစ်၊ (၇၅)နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့အခမ်းအနားကို ဖေဖော်ဝါရီလ ၂၀ ရက် နံနက်ပိုင်းတွင် ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖွဲ့ဝင်  ဒေါက်တာမှုထန်၊ ပြည်ထောင်စု ဝန်ကြီးများ၊ ချင်းပြည်နယ်ဝန်ကြီးချုပ်၊ အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူး၊  ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ သဘာပတိ အလုပ်သမားညွန်ကြားမှုဉီးစီးဌာန ညွှန်ကြားရေးမှူး ဉီးဟုန်းကီးက (၇၅) နှစ်မြောက် စိန်ရတုချင်းအမျိုးသားနေ့မိန့်ခွန်း ပြောကြားပြီး ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်းဆွန်းထန်မှ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၇၅)နှစ်မြောက်  စိန်ရတုချင်း အမျိုးသား နေ့ အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာအားဖတ်ကြားသည်။ ထို့နောက် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယဝန်ကြီးချုပ်နှင့် ကာကွယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက ဂုဏ်ပြု အမှာစကားပြောကြားပြီး (၇၅)နှစ်မြောက်  စိန်ရတုချင်းအမျိုးသားနေ့ အခမ်း အနားအတွက် လှူဒါန်းငွေကျပ်သိန်း (၂၀၀) ကို ချင်းပြည်နယ် ဝန်ကြီးချုပ်ထံ ပေးအပ်သည်။ ဆက်လက်၍ အားကစားနှင့် လူငယ်ရေးရာ ပြည်ထောင်စုဝန်ကြီး   ဉီးမင်းသိန်းဇံက အားကစားပစ္စည်းများအား လည်းကောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက မျိုးစေ့နှင့် ဓာတ်မြေဩဇာထုတ်များအားလည်းကောင်း၊ ပြည်နယ်အစိုးရ တာဝန်ရှိသူများထံ ထောက်ပံ့ပေးအပ်သည်။ ယင်းနောက် ချင်းပြည်နယ်အစိုးရ အဖွဲ့၏ ဂုဏ်ထူးဆောင်လက်မှတ် ရရှိသူများနှင့် ဂုဏ်ထူးဆောင်ဆုရရှိသူများကို နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဒေါက်တာမှုထန်၊ တိုင်းရင်းသား ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အဆင့်တာဝန်ရှိသူများက အသီးသီး ပေးအပ်သည်။ ဆက်လက်၍ ချင်းတိုင်းရင်းသား၊ တိုင်းရင်းသူများက SAR LAM ( အောင်ပွဲခံအက)၊ တီးတိန်ရိုးရာအကများဖြင့် ကပြဖျော်ဖြေပြီး တာဝန်ရှိသူ များနှင့်အတူ အမှတ်တရမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။ ယင်းနောက် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဉီး နှင့်အဖွဲ့ သည် ချင်းရိုးရာယဉ်ကျေးမှုအဖွဲ့မှ ရိုးရာအကများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ပြီး  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြခန်းနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနပြခန်းအား လှည့်လည် ကြည့်ရှုသည်။

        ဆက်လက်၍ နေ့လည်ပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဉီးနှင့်အဖွဲ့သည် ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ပြည်နယ်၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပညာရေးဝန်ထမ်းများ၊ ကျန်းမာရေးဝန်ထမ်း များနှင့် တွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်းဆွန်းထန်မှ ၂၀၂၂-၂၀၂၃ ခုနှစ်အတွင်း ချင်းပြည်နယ်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများကို ရှင်လင်းတင်ပြသည်။ ဆက်လက်၍ ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်အစိုးရ၏ လုပ်ငန်းအကောင် အထည်ဖော်ဆောင်ရွက် ခဲ့မှုများနှင့် တိုးတက်ပြောင်းလဲမှု အခြေအနေများအား ရှင်းလင်းပြောကြားသည်။  ထို့နောက် တွေ့ဆုံပွဲအခမ်း အနားသို့ တက်ရောက် လာသူများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်၍ ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်အားပေးသည်။ ဆက်လက်ပြီး ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ ပြည်နယ်အဆင့်အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ တင်ပြချက်များအပေါ် လိုအပ်သည်များ ဖြည့်စွက်မှာကြားကာ တာဝန်ရှိ သူများနှင့် ညှိနှိုင်းပေါင်းစပ်ပေးသည်။

ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်၊ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့်အဖွဲ့သည် ဟားခါးမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများကို တွေ့ဆုံပြီး ဆေးရုံသုံးပစ္စည်းများနှင့် ထောက်ပံ့ပစ္စည်းများပေးအပ်သည်။ ထို့နောက် ဆေးရုံတက်ရောက် ကုသမှုခံယူ နေကြသော ဒေသခံပြည်သူများအား သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားကာ အာဟာရဖြည့် စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးအပ်ကြောင်း သတင်းရရှိသည်။