2023 Laureus World Sports Man of the Year ဆုအတွက် ဆန်ခါတင်စာရင်းတွင် ဘောလုံးအားကစားနည်းမှ မက်ဆီနှင့် အမ်ဘတ်ပီတို့ပါဝင်
ဆီဗီလာ၊ အားကစား
စပိန်နိုင်ငံ ဆီဗီလာမြို့အခြေစိုက် Laureus Sport For Good Foundation က နှစ်စဉ်ရွေးချယ် ချီးမြှင့်သည့် 2023 Laureus World Sports Man of the Year ဆုအတွက် ဆန်ခါတင်ကစားသမား စာရင်းတွင် ဘောလုံးအားကစားနည်းမှ ပီအက်စ်ဂျီ အသင်းတိုက်စစ် ကစားသမား မက်ဆီနှင့်အမ်ဘတ်ပီ တို့ပါဝင်လာကြောင်း သိရသည်။
Laureus Sport For Good Foundation က ကမ္ဘာတစ်ဝန်းရှိ အားကစားနည်းပေါင်းစုံမှ ထူးထူး ချွန်ချွန်စွမ်းဆောင်နိုင်ခဲ့သည့် ကစားသမားများကို ရွေးချယ်ချီးမြှင့်ခြင်းဖြစ်ပြီး ဆွစ်ဇာလန်ထိပ်တန်း တင်းနစ်ကစားသမား ရော်ဂျာဖက်ဒါးရားက အကြိမ်ရေ အများဆုံးအဖြစ် ငါးကြိမ်အထိရရှိခဲ့သည်။
2023 Laureus World Sports Man of the Year ဆုအတွက် ဆန်ခါတင်ကစားသမားစာရင်းတွင် ဘောလုံးအားကစားနည်းမှ မက်ဆီနှင့် အမ်ဘတ်ပီ အပြင် တင်းနစ်အားကစားနည်းမှ ရာဖေးနာဒယ်လ်၊ ဖော်မြူလာဝမ်းကားမောင်းသမား မက်စ်ဗာစတီပင်၊ ပြေးခုန်ပစ်ကစားသမား ဒူပလန်တစ်၊ ဘတ်စကက်ဘောကစားသမား စတက်ကူရီတို့ပါဝင်လာသည်။
Laureus World Sports Man of the Year ဆုကို ၂၀၀၀ ပြည့်နှစ်က စတင်ပေးအပ်ခဲ့ခြင်းဖြစ်ကာ ဘောလုံးအားကစားသမားများမှ မက်ဆီတစ်ဦးတည်းသာရရှိဖူးပြီး မက်ဆီက ၂၀၂၀ ပြည့်နှစ်က ဖော်မြူလာဝမ်းကားမောင်းသမား ဟာလ်မီတန်နှင့် ပူးတွဲရရှိခဲ့ကြောင်း သိရသည်။
Ref;One Football