ရီးယဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် လီဗာပူးအသင်း အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း၌ ငါးဂိုးပေးရသည့် ပထမဆုံးဥရောပအဆင့်ပွဲစဉ်ဖြစ်လာ

ရီးယဲလ်မက်ဒရစ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက် လီဗာပူးအသင်း အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း၌ ငါးဂိုးပေးရသည့် ပထမဆုံးဥရောပအဆင့်ပွဲစဉ်ဖြစ်လာ

လီဗာပူးအသင်းသည်    ချန်ပီယံလိဂ်ပြိုင်ပွဲ ၁၆ သင်းရှုံးထွက်အဆင့် ပထမအကျော့ပွဲစဉ်အဖြစ်ကစား သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့်ပွဲစဉ်တွင် ၅ ဂိုး- ၂ ဂိုးဖြင့်ရှုံးနိမ့်ပြီးနောက် အသင်းသမိုင်းတစ်လျှောက် ဥရောပ အဆင့်ပြိုင်ပွဲတွင်  အိမ်ကွင်း၌   ငါးဂိုးပေးရသည့် ပထမဆုံးပွဲစဉ်ဖြစ်လာကြောင်း သိရသည်။

အဆိုပါပွဲစဉ်တွင် လီဗာပူးအသင်းသည် ဒါဝင်နူနက်စ် နှင့်ဆာလက်ချ်တို့၏သွင်းဂိုးများဖြင့် ဦးဆောင်နိုင်ခဲ့သော် လည်း  ရီးယဲလ်မက်ဒရစ်အသင်းမှ  ဗင်နီစီးယက်စ်၊ ဘင်ဇီမာနှင့် မီလီတာအိုတို့၏သွင်းဂိုးများဖြင့် အိမ်ကွင်း၌ ၅ ဂိုး-၂ ဂိုးဖြင့် ဂိုးပြတ်ရှုံးနိမ့်ပြီး မှတ်တမ်းဆိုးတစ်ရပ်ကို ပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် အသင်းသမိုင်းတစ်လျှောက် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်   အသင်းအိမ်ကွင်းဖြစ်သည့် အန်ဖီးလ်ကွင်း၌ ပြိုင်ဘက်အသင်းကို ငါးဂိုးပေးခဲ့ရသည့် ပွဲစဉ်မရှိဘဲ ယခုအခါ ပထမဆုံး တွေ့ကြုံခဲ့ရခြင်းဖြစ်သည်။

လီဗာပူးအသင်းသည် အသင်းသမိုင်းတစ်လျှောက် အိမ်ကွင်း၌ ပြိုင်ပွဲစုံတွင် ပြိုင်ဘက်အသင်းကို ငါးဂိုးနှင့် အထက်ပေးရသည့်ပွဲစဉ်များအဖြစ်  ရီးယဲလ်မက်ဒရစ်အသင်းနှင့် ပွဲစဉ်အပါအဝင် သုံးပွဲသာရှိခဲ့သည်။ ပထမ ဆုံးပြည်တွင်းပွဲစဉ်အဖြစ် ၂၀၀၇ ခုနှစ်က အာဆင်နယ် အသင်းကို ၃ ဂိုး- ၆ ဂိုးဖြင့်ရှုံးနိမ့်ပြီး ၂၀၂၁ ခုနှစ်က အာဆင်နယ်အသင်းနှင့်ပင်     ငါးဂိုးစီသရေရလဒ်ထွက်ပေါ်ခဲ့ကာ ယခုအခါ ရီးယဲလ်မက်ဒရစ်အသင်း ကို  ၅ ဂိုး- ၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ခြင်းဖြစ်ကြောင်း  သိရသည်။            

Ref;Opta.com