၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်လက်ကျန်သုံးနေရာမှ နှစ်နေရာကို ပေါ်တူဂီအသင်းနှင့် ဟေတီအသင်းတို့ ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်လက်ကျန်သုံးနေရာမှ နှစ်နေရာကို ပေါ်တူဂီအသင်းနှင့် ဟေတီအသင်းတို့ ပထမဆုံးအကြိမ်ဝင်ခွင့်ရရှိ

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်လက် ကျန်သုံးနေရာအတွက်   ရှုံးထွက်အဆင့်ပွဲစဉ်များ ယှဉ်ပြိုင်ကစားရာ   ပေါ်တူဂီအမျိုးသမီးအသင်းနှင့် ဟေတီအမျိုးသမီးအသင်းတို့က ပြိုင်ဘက်အသင်းများ ကို အသီးသီး အနိုင်ရရှိကြပြီး ပထမဆုံးအကြိမ် ဝင်ခွင့် ရရှိခဲ့ကြောင်း သိရသည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ ဝင်ခွင့်လက် ကျန်သုံးနေရာအတွက် ရှုံးထွက်အဆင့်ပွဲစဉ်များအဖြစ် ဟေတီအမျိုးသမီးအသင်းနှင့် ချီလီအမျိုးသမီးအသင်း တို့ကစားရာတွင် ဟေတီအမျိုးသမီးအသင်းက ၂ ဂိုး - ၁ ဂိုးဖြင့်  အနိုင်ရရှိပြီးနောက်  အသင်းသမိုင်းတစ် လျှောက်  ပထမဆုံးအကြိမ်  ဝင်ခွင့်ရရှိခဲ့ပြီး  ၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲတွင် အင်္ဂလန်အမျိုးသမီး အသင်း၊ ဒိန်းမတ်အမျိုးသမီးအသင်း၊ တရုတ်အမျိုး သမီးအသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်မည် ဖြစ်သည်။

အလားတူ   တခြားရှုံးထွက်အဆင့်ပွဲစဉ်အဖြစ် ပေါ်တူဂီအမျိုးသမီးအသင်းနှင့် ကင်မရွန်းအမျိုးသမီး အသင်းတို့ယှဉ်ပြိုင်ကစားရာ   ပေါ်တူဂီအမျိုးသမီး အသင်းက ၂ ဂိုး- ၁ ဂိုးဖြင့်  အနိုင်ရရှိသည့်အတွက် အသင်းသမိုင်းတစ်လျှောက်    ပထမဆုံးအကြိမ် ခြေစစ်ပွဲအောင်မြင်ခဲ့ပြီး အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲ တွင် အောင်မြင်မှုအရှိဆုံးအသင်းအဖြစ် ရပ်တည်နေ သည့် အမေရိကန်အမျိုးသမီးအသင်း၊ နယ်သာလန် အမျိုးသမီးအသင်း၊   ဗီယက်နမ်အမျိုးသမီးအသင်း တို့နှင့် တစ်အုပ်စုတည်းကျရောက်မည်ဖြစ်သည်။

၂၀၂၃ အမျိုးသမီးကမ္ဘာ့ဖလားပြိုင်ပွဲကို သြစတြေးလျနှင့် နယူးဇီလန်အသင်းတို့က ပူးတွဲအိမ်ရှင်အဖြစ် ကျင်းပမည်ဖြစ်ပြီး  နောက်ဆုံးလက်ကျန်တစ်နေရာအတွက်  ပါရာဂွေးအမျိုးသမီးအသင်းနှင့်  ပနားမား အမျိုးသမီးအသင်းတို့     ယှဉ်ပြိုင်ကစားကြမည်ဖြစ်ကြောင်း သိရသည်။                  

Ref;B/R