၂၀၂၄ အာရှယူ-၂၀ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၂၀ အမျိုးသမီးအသင်း အုပ်စုအဖွင့်ပွဲစဉ်၌ အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်

၂၀၂၄ အာရှယူ-၂၀ အမျိုးသမီးချန်ပီယံရှစ်ပြိုင်ပွဲတွင် မြန်မာယူ-၂၀ အမျိုးသမီးအသင်း အုပ်စုအဖွင့်ပွဲစဉ်၌ အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်

၂၀၂၄ အာရှယူ-၂၀ အမျိုးသမီးချန်ပီယံ ရှစ်ပြိုင်ပွဲ  ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာယူ-၂၀ အမျိုးသမီးအသင်းအနေဖြင့်  အဖွင့်ပွဲစဉ်၌ အိမ်ရှင်ကမ္ဘောဒီးယားအသင်းနှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း သိရသည်။

အာရှယူ-၂၀  အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်တွင် မြန်မာ ယူ-၂၀ အမျိုးသမီးအသင်းသည် အုပ်စု(G)   ၌   ကမ္ဘောဒီးယားယူ-၂၀   အမျိုးသမီး အသင်း၊  မလေးရှားယူ-၂၀  အမျိုးသမီး အသင်းတို့နှင့် တစ်အုပ်စုတည်းကျရောက်နေပြီး ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမည်ဖြစ်သည်။

အစောပိုင်းက မြန်မာယူ-၂၀ အမျိုးသမီး အသင်းပါဝင်သည့် အုပ်စု (G) ၌ လေးသင်း ပါဝင်ခဲ့သော်လည်း    ပါကစ္စတန်ယူ-၂၀ အမျိုးသမီးအသင်း    နုတ်ထွက်ခဲ့သည့် အတွက်  သုံးသင်းဖြင့်သာ ကျင်းပမည်ဖြစ်သည်။

မြန်မာယူ-၂၀ အမျိုးသမီးအသင်းသည်  အုပ်စုပွဲစဉ်များအဖြစ် မတ် ၈ ရက် မြန်မာ စံတော်ချိန် ညနေ ၃ နာရီခွဲတွင် ကမ္ဘောဒီးယားယူ-၂၀ အမျိုးသမီးအသင်းနှင့်လည်း ကောင်း၊  မတ် ၁၂ ရက် မြန်မာစံတော်ချိန် ညနေ  ၃ နာရီခွဲတွင်  မလေးရှားယူ-၂၀ အမျိုးသမီးအသင်းနှင့်လည်းကောင်း အသီး သီးယှဉ်ပြိုင်ရမည်ဖြစ်သည်။

အာရှယူ-၂၀   အမျိုးသမီးချန်ပီယံရှစ် ပြိုင်ပွဲ ခြေစစ်ပွဲ ပထမအဆင့်တွင် အုပ်စုတစ်ခုချင်းစီမှ အုပ်စုပထမနေရာ ရရှိသည့်  အသင်းရှစ်သင်းအနေဖြင့် ဒုတိယအဆင့်သို့      တက်ရောက်ခွင့်ရရှိမည်ဖြစ်သည်။ ခြေစစ်ပွဲဒုတိယ အဆင့်တွင် အုပ်စုနှစ်စုခွဲ၍ ကျင်းပမည်ဖြစ်ပြီး အုပ်စုပထမနှင့် အုပ်စု ဒုတိယနေရာရရှိသော အသင်းများအနေ ဖြင့်   ခြေစစ်ပွဲအောင်မြင်မည်ဖြစ်ကြောင်း သိရသည်။ 

စည်သူအောင်