ဝါရင့်ခံစစ်ကစားသမားနှစ်ဦးဖြစ်သည့် လော်ဗရန်နှင့် ရာမို့စ်တို့သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းများမှ အနားယူကြောင်းကြေညာ
လိုင်ယွန်အသင်းခံစစ်ကစားသမား လော်ဗရန်နှင့်ပီအက်စ်ဂျီအသင်းခံစစ်ကစားသမား ရာမို့စ်တို့သည် သက်ဆိုင်ရာနိုင်ငံလက်ရွေးစင်အသင်းများမှ အနားယူကြောင်း အတည်ပြုကြေညာခဲ့သည်။
အသက် ၃၃ နှစ်အရွယ် ဝါရင့်ခံစစ်ကစားသမားလော်ဗရန်သည် ပရော်ဖက်ရှင်နယ်ကစားသမားဘ၀ ခရိုအေးရှားအသင်း၌ ၂၀၀၉ ခုနှစ်မှစတင်ကာ နိုင်ငံတကာပြိုင်ပွဲများတွင်ပါဝင်ကစားခဲ့ပြီး ဆယ်စုနှစ်တစ်ခုကျော်ကြာ အဓိကကစားသမားအဖြစ် ပါဝင်ခဲ့ကာ အမြင့်ဆုံးအောင်မြင်မှုအဖြစ် ၂၀၁၈ ကမ္ဘာ့
ဖလားပြိုင်ပွဲတွင် အသင်းနှင့်အတူ ဒုတိယဆုဆွတ်ခူးနိုင်ခဲ့သူဖြစ်သည်။
လော်ဗရန်သည် ခရိုအေးရှားအသင်းနှင့် နိုင်ငံတကာပြိုင်ပွဲစုံ ၇၈ ပွဲအထိ ပါဝင်ကစားခဲ့ပြီး ငါးဂိုးသွင်းယူနိုင်ကာ ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် နောက် ဆုံးပါဝင်ကစားပြီးနောက် ပရော်ဖက်ရှင်နယ်ကစား သမားဘဝမှ အနားယူခဲ့ခြင်းဖြစ်ကာ လက်ရှိတွင် လိုင်ယွန်အသင်း၌ ကစားလျက်ရှိသည်။
အလားတူ ပီအက်စ်ဂျီအသင်းဝါရင့်ခံစစ်ကစား သမား ရာမို့စ်သည်လည်း ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် စပိန်အသင်းကို နည်းပြအင်းနရစ် တာဝန်ယူကိုင်တွယ်စဉ်က ရွေးချယ်ခံခဲ့ရခြင်းမရှိသကဲ့သို့ လက်ရှိနည်းပြလက်ထက်တွင်လည်း ပါဝင်ခွင့်ရရှိဖွယ်မရှိသည့်အတွက် လက်ရွေးစင်အသင်းကစားသမားဘဝမှ အနားယူခဲ့ခြင်းဖြစ်သည်။
ရာမို့စ်က လက်ရှိနည်းပြဆီက အဆက်အသွယ်ရပါတယ်။ သူ့ရဲ့အနာဂတ်အစီအစဉ်မှာ ကျွန်တော်မပါ ဝင်တော့ဘူးလို့ပြောခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် လက်ရွေးစင်အသင်းကစားသမားဘဝကနေ အနားယူခဲ့တာပါဟု ပြောသည်။
ရာမို့စ်သည် စပိန်လက်ရွေးစင်အသင်းနှင့်အတူ ၂၀၀၅ ခုနှစ်က စတင် ပါဝင်ကစားခဲ့သူဖြစ်ပြီး အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၁၈၀ အထိ ပါဝင်ကစားခဲ့ကာ ၂၃ဂိုးအထိသွင်းယူနိုင်ပြီး ဆုဖလားများ ဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
Ref;Dailymail