COVID-19 ဖြစ်ပွားမှုကြောင့် ဒေသခံတောင်သူများ ရောင်းချရန် အခက်အခဲဖြစ်ပေါ် လျက်ရှိသည့် ရာသီသီးနှံများအား တပ်မတော်က ဆက်လက်ဝယ်ယူ

နေပြည်တော်၊ အောက်တိုဘာ-၂၇

  ကမ္ဘာ့ကပ်ရောဂါ COVID-19 ရောဂါ ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများ အနေဖြင့် ရောင်းချရန် အခက်အခဲ ဖြစ်ပေါ်လျက်ရှိကာ သီးနှံများ ပျက်ဆီးဆုံးရှုံးနိုင်သည့် အခြေအနေများ ဖြစ်ပေါ်နေသောကြောင့် နယ်မြေခံ တပ်မတော်သားများက စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ရာသီသီးနှံများကို ဝယ်ယူပေးလျက်ရှိသည်။

  ထိုသို့ဝယ်ယူပေးလျက်ရှိရာ ယနေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ညောင်ရွှေမြို့နယ်၊ မှော်ဘီကျေးရွာနှင့် ရွာငံမြို့နယ်၊ တောကျယ်လဲပြား ကျေးရွာတို့ရှိ ဒေသခံ တောင်သူများ၏ စိုက်ခင်းများသို့ သွားရောက်၍ ဒေသခံတောင်သူများ ရောင်းချပေးနိုင်သည့် ဈေးနှုန်းဖြင့် ခရမ်းချဉ်သီး ၄၇၅ ပိဿာနှင့်ဂေါ်ရခါးသီး ၁၅၅ဝဝ လုံးတို့ကို ဝယ်ယူခဲ့သည်။

   အလားတူ ရန်ကုန်တိုင်း စစ်ဌာနချုပ်အနေဖြင့် ညောင်ရွှေမြို့နယ်နှင့် ရွာငံမြို့နယ်တို့ရှိ ကျေးရွာများမှ ဒေသခံ တောင်သူများ၏ စိုက်ခင်းများမှ ရာသီသီးနှံများ ဖြစ်သည့် ပန်းဂေါ်ဖီထုပ် ၁၄၄၅ ထုပ်၊ ဂေါ်ရခါးသီး ၄၃၃၅ လုံးတို့ကို အောက်တိုဘာ ၂၅ ရက်တွင် နယ်မြေခံတပ်နယ် များမှ တစ်ဆင့် ဝယ်ယူခဲ့ပြီး တိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှုအောက်ရှိ တပ်ရင်း၊တပ်ဖွဲ့များရှိ တပ်မတော်သား မိသားစုဝင်များ COVID-19 ရောဂါဖြစ်ပွားမှု ကာလအတွင်း စာရေးအဆင်ပြေစေရန်အတွက် ယနေ့တွင် ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိသည်။