အာဆင်နယ်အသင်းက တိုက်စစ် ကစားသမားဆာကာကို အသင်း၏ လုပ်ခလစာအများဆုံး ကစားသမားအဖြစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန်စီစဉ်
အာဆင်နယ်အသင်းက အသင်းမှ လူငယ်တိုက်စစ် ကစားသမားဆာကာကို အသင်း၏ လုပ်ခလစာအများဆုံး ကစားသမားအဖြစ် သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် စီစဉ်နေကြောင်း သိရသည်။
အသက် ၂၁ နှစ်သာရှိသေးသည့် ဆာကာသည် အာဆင်နယ်အသင်း အကယ်ဒမီမှ ထွက်ပေါ်လာသည့် လူငယ်ကစားသမားတစ်ဦးဖြစ်ပြီး ၂၀၁၈ ခုနှစ် က ပရော်ဖက်ရှင်နယ် စာချုပ်ချုပ်ဆိုကာ စတင်ပူးပေါင်း ခဲ့ခြင်းဖြစ်သည်။
ဆာကာသည် ယခုဘောလုံးရာသီတွင် အာဆင်နယ်အသင်းနှင့်အတူ အကောင်းဆုံး ခြေစွမ်းပြသလျက် ရှိပြီး အာဆင်နယ်အသင်း အမှတ်ပေးဇယား ထိပ်ဆုံး၌ ရပ်တည်ကာ တစ်ကျော့ပြန်ချန်ပီယံဆုအတွက် မျှော်လင့်ချက်ရှိနေရာတွင် ဆာကာက အကောင်းဆုံး ခြေစွမ်းပြပြီး ပါဝင်ထားသည့်အတွက် အာဆင်နယ် အသင်းက ဆာကာကို ကာလရှည်သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ပြင်ဆင်နေခြင်းဖြစ်သည်။
ယခုဘောလုံးရာသီတွင် အကောင်းဆုံးခြေစွမ်း ပြသလျက်ရှိသည့် ဆာကာကို ဥရောပထိပ်တန်း အသင်းကြီးများဖြစ်သည့် ပီအက်စ်ဂျီအသင်း၊ ရီးယဲလ် မက်ဒရစ်အသင်းတို့က ခေါ်ယူရန် စောင့်ကြည့်နေသည့်အတွက် အာဆင်နယ်အသင်းက သက်တမ်းတိုး စာချုပ်ချုပ်ဆိုရန် ယခုဘောလုံးရာသီ အစပိုင်းကတည်းက ကြိုးပမ်းနေခြင်းဖြစ်သည်။
ဆာကာကိုယ်တိုင်ကလည်း အာဆင်နယ်အသင်း တွင်သာကစားလိုသည်ဟု အစောပိုင်းကတည်းက ပြောကြားထားသည့် အတွက် မကြာမီ အာဆင်နယ်အသင်းက တစ်ပတ်လုပ်ခလစာ စတာလင်ပေါင် နှစ်သိန်းအပြင် အပိုဆုကြေးများနှင့်ပါ သက်တမ်းတိုး စာချုပ်ချုပ်ဆိုမည်ဖြစ်သည့်အတွက် အသင်းလုပ်ခလစာ အများဆုံးရရှိသော ကစားသမားဖြစ်လာမည်ဖြစ်သည်။
ဆာကာသည် ယခုဘောလုံးရာသီတွင် အသင်းနှင့်အတူ ပြိုင်ပွဲစုံ ၃၁ ပွဲအထိပါဝင် ကစားခွင့်ရရှိထားပြီး ၁၀ ဂိုးသွင်းယူနိုင်ကာ ဂိုးဖန်တီးမှုရှစ်ကြိမ်ပြုလုပ် ထားကြောင်း သိရသည်။