ယခုဘောလုံးရာသီအကုန် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည့် ကစားသမားများတွင် ဈေးကွက်တန်ကြေး အများဆုံးကစားသမားအဖြစ် မက်ဆီထိပ်ဆုံး၌ရပ်တည်

ယခုဘောလုံးရာသီအကုန် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည့် ကစားသမားများတွင် ဈေးကွက်တန်ကြေး အများဆုံးကစားသမားအဖြစ် မက်ဆီထိပ်ဆုံး၌ရပ်တည်

ယခုဘောလုံးရာသီအကုန် အလွတ်ပြောင်းရွှေ့ကြေးဖြင့်ထွက်ခွာမည့် ကစားသမားများတွင် ဈေးကွက်တန်ကြေး အများဆုံးကစားသမားအဖြစ်  မက်ဆီက ထိပ်ဆုံး၌ရပ်တည်နေကြောင်း သိရသည်။

ယခုဘောလုံးရာသီအကုန်တွင်    သက်ဆိုင်ရာ ကလပ်အသင်းများနှင့် စာချုပ်သက်တမ်းကုန်ဆုံးပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်    ထွက်ခွာခွင့်ရရှိမည့် ကစားသမားစာရင်းတွင်  မက်ဆီ၊  ရာမို့စ်  စသည့် ကစားသမားများ ပါဝင်နေကာ   မက်ဆီ၏   လက်ရှိ ဈေးကွက်တန်ကြေးမှာ စတာလင်ပေါင် သန်း ၅၀ ရှိ ပြီး ဈေးကွက်တန်ကြေးအမြင့်ဆုံးကစားသမား အဖြစ်ရပ်တည်နေသည်။

မက်ဆီသည်    ယခုဘောလုံးရာသီအကုန်တွင် ပီအက်စ်ဂျီအသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး  အသင်းက  သက်တမ်းတိုးစာချုပ်ချုပ်ဆိုရန်   ကြိုးပမ်းနေသော်လည်း   လက်ရှိအချိန်ထိ ချုပ်ဆိုနိုင်ခြင်းမရှိသေးဘဲ ကြန့်ကြာနေပြီး အလွတ်ပြောင်းရွှေ့ကြေးဖြင့်    ပြောင်းရွှေ့ကစားဖွယ်ရှိနေသည်။

ယခုဘောလုံးရာသီအကုန်တွင် သက်ဆိုင်ရာကလပ်အသင်းများနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည့် ကစားသမားများမှ ဈေးကွက်တန်ကြေး အများဆုံးကစားသမားစာရင်းတွင် မက်ဆီ၏နောက်၌ လိုင်ယွန်အသင်းမှ  အော်ဝါက စတာလင်ပေါင် သန်း ၂၀၊ လိုင်လီအသင်းမှ ဘန်ဘက စတာလင်ပေါင်သန်း၂၀၊ လိုင်ယွန်အသင်းမှ ဒမ်ဘီလီက စတာလင်ပေါင် ၁၈ သန်း၊ နိုက်စ်အသင်းမှ ဘာကလေက စတာလင်ပေါင် ၁၀ သန်း၊ ရင်းနက်စ်အသင်းမှ ထရာအိုအေးက စတာလင်ပေါင် ၁၀ သန်း၊ စထရာဘော့အသင်းမှ ဒီဂျီကူက စတာလင်ပေါင် ရှစ်သန်း၊ တူးလော့စ်အသင်းမှ ဗန်ဒါဘော့မန်းက စတာလင်ပေါင် ခုနစ်သန်း၊ ပီအက်စ်ဂျီအသင်းမှ ရာမို့စ်က စတာလင်ပေါင် ခြောက်သန်းနှင့် လိုင်လီအသင်းမှ ကာဗယ်လာက စတင်လင်ပေါင် ငါးသန်းဖြင့် အသီးသီးရပ်တည်နေကြောင်း သိရသည်။   

Ref;Transfer Market