ဆော်ဒီလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်းအတွင်း ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုမှတ်တမ်းဝင်

ဆော်ဒီလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမပိုင်းအတွင်း ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံး ကစားသမားအဖြစ် စီရော်နယ်ဒိုမှတ်တမ်းဝင်

ဆော်ဒီလိဂ်ပြိုင်ပွဲသမိုင်းတစ်လျှောက် ပွဲချိန်ပထမ ပိုင်းအတွင်း    ဟက်ထရစ်သွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ် အယ်နာဆာအသင်း တိုက်စစ်မှူး  စီရော်နယ်ဒိုက  မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် မန်ယူအသင်းနှင့် စာချုပ်ဖျက်သိမ်းပြီးနောက် အယ်နာဆာအသင်းသို့  မြင့်မားသောလုပ်ခလစာဖြင့် ပြောင်းရွှေ့ကစားခဲ့သည့်   စီရော်နယ်ဒိုသည်  အယ်နာဆာအသင်းက ဒါမက်အသင်းကို  ၃ ဂိုး-ဂိုးမရှိဖြင့်  အနိုင်ရရှိသော ပွဲစဉ်၌ ပွဲချိန်  ၁၈ မိနစ်၊ ၂၃ မိနစ်နှင့် ၄၄ မိနစ်တို့တွင် ဟက်ထရစ်သွင်းယူနိုင်ပြီးနောက် စံချိန်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် အယ်နာဆာအသင်းသို့ ပြောင်းရွှေ့ ကစားပြီးနောက် ဖေဖော်ဝါရီ ၁၀ ရက်က ကစားသည့် အယ်ဝါဒါအသင်းနှင့်ပွဲစဉ်၌လည်း    ဟက်ထရစ်သွင်းယူနိုင်ပြီး  အယ်နာဆာအသင်းနှင့်အတူ ဆော်ဒီလိဂ်ပြိုင်ပွဲ လေးပွဲကစားပြီးချိန်တွင် ရှစ်ဂိုးအထိသွင်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

စီရော်နယ်ဒိုသည် ၎င်း၏ပရော်ဖက်ရှင်နယ်ကစား သမားဘဝတစ်လျှောက်တွင်လည်း    ယခုအကြိမ် ဟက်ထရစ်အပါအဝင် စုစုပေါင်း ဟက်ထရစ်အကြိမ် ရေ ၆၂ ကြိမ်အထိရှိလာခဲ့ပြီး အဆိုပါ ၆၂ ကြိမ်တွင်အသက် ၃၀ မပြည့်မီက အကြိမ်ရေ ၃၀ သွင်းယူနိုင်ခဲ့ခြင်း ဖြစ်ကာ အသက် ၃၀ ပြည့်ပြီးနောက်ပိုင်းတွင် ၃၂ ကြိမ် သွင်းယူနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Ref;Fotomobo.com