နေပြည်တော် သြဂုတ် ၉
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လောက်ကိုင်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် သြဂုတ် ၈ ရက်မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် လောက်ကိုင်မြို့၊ ရပ်ကွက်(၃)၊ စွမ်းဖုန်းလမ်းပေါ်ရှိ ဟုန်ချိန်ဟိုတယ် အခန်းအမှတ်၊ ၈၁၀၂ ၌ သတင်းအရ စောင့်ဆိုင်းနေစဉ် လီကျားနိမ်(ဘ)ဦးလီကောချိန်၊ လော်ချိန်ရှိန်း(ဘ)ဦးလော်လောက်ဖာနှင့် လီဖားမင်(ဘ)ဦးလီရှိယွိတို့ သုံးဦးသည် အခန်းအတွင်း ဝင်ရောက်လာသဖြင့် စစ်ဆေးရှာဖွေရာ ၎င်းတို့သုံးဦး သယ်ဆောင်လာသည့် အဝါရောင်ဆာလာအိတ်အတွင်းမှ မှိုင်းကိုင်စက္ကူဖြင့် ထုပ်ပိုးထားသည့် WY စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁၃၈၀၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ်သိန်းပေါင်း ၂၇၆၀ ခန့်) နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများအား တရားဥပဒေအရ ဆောင်ရွက်နိုင်ရေး လောက်ကိုင်မြို့ မူးယစ်တပ်ဖွဲ့စုသို့ စနစ်တကျ လွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။