တပ်မတော်ဆေးရုံများ၌ တက်ရောက်ကုသမှု ခံယူနေသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ အောက်တိုဘာ - ၂၇

       ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ တပ်မတော်ဆေးရုံနှင့် တနင်္သာရီတိုင်း ဒေသကြီး၊ ထားဝယ်မြို့ရှိ တပ်မတော်ဆေးရုံတို့၌ တက်ရောက်ကုသမှု ခံယူလျက်ရှိသော သံဃာတော်များ၊ အရာရှိ၊စစ်သည်၊ မိသားစုများနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူများအား ယနေ့တွင် သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ ရောဂါဖြစ်ပွားမှု၊ ဆေးဝါးကုသ ပေးထားမှုနှင့် ကျန်းမာရေး တိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားကာ စားသောက်ဖွယ်ရာများ ပေးအပ်ကြ သည်။

    ထို့ပြင် တိုင်းမှူးများနှင့် တာဝန်ရှိသူများသည် ဆေးရုံများအတွင်း လှည့်လည်ကြည့်ရှုပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်း ရရှိသည်။