နယူးကာဆယ်အသင်းကို အနိုင်ရရှိပြီး ငါးရာသီဆက် ဆုဖလားလက်မဲ့ဖြစ်နေမှုကို မန်ယူအသင်းအဆုံးသတ်

နယူးကာဆယ်အသင်းကို အနိုင်ရရှိပြီး ငါးရာသီဆက် ဆုဖလားလက်မဲ့ဖြစ်နေမှုကို မန်ယူအသင်းအဆုံးသတ်

ကာရာဘောင်းဖလားပြိုင်ပွဲ     ဗိုလ်လုပွဲအဖြစ် နယူးကာဆယ်အသင်းနှင့် မန်ယူအသင်းတို့ယှဉ်ပြိုင် ကစားရာ မန်ယူအသင်းက ၂ ဂိုး-ဂိုးမရှိဖြင့် အနိုင်ရရှိပြီး  ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ပြီးနောက်  ငါးရာသီ ဆက် ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါပွဲစဉ်၌ မန်ယူအသင်းက ပွဲချိန် ၃၃ မိနစ် တွင်  ကက်စ်မဲရိုးနှင့်  ပွဲချိန်  ၃၉ မိနစ်တွင်  နယူး ကာဆယ်အသင်း ခံစစ်ကစားသမားဘော့မန်း ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့သည့်သွင်းဂိုးများဖြင့်    အနိုင်ရရှိပြီးနောက်   ဆုဖလားလက်မဲ့ဖြစ်နေမှုကို  အဆုံးသတ်နိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည်    ယခုဘောလုံးရာသီတွင် နည်းပြအပြောင်းအလဲပြုလုပ်ကာ နည်းပြတန်ဟတ် ကို ခန့်အပ်ပြီးနောက် ရလဒ်ကောင်းများဆက်တိုက် ရယူနိုင်ခဲ့ပြီး နည်းပြတန်ဟတ်အတွက် မန်ယူအသင်း နှင့်အတူ ပထမဆုံးဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် လိဂ်ဖလား(ကာရာဘောင်း ဖလား) ချန်ပီယံဆုကို ၁၉၉၂ ခုနှစ်က စတင်ရရှိခဲ့ပြီး ၂၀၀၆ ခုနှစ်၊ ၂၀၀၉ ခုနှစ်၊ ၂၀၁၀ ပြည့်နှစ်၊  ၂၀၁၇ ခုနှစ်နှင့် ယခုနှစ်တို့တွင်  ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့ ခြင်းဖြစ်သည်။

မန်ယူအသင်းသည်  ၂၀၁၇  ခုနှစ်က  နည်းပြ မော်ရင်ဟိုလက်ထက်တွင် ယူရိုပါလိဂ်ဖလားဆွတ်ခူး နိုင်ခဲ့ပြီးနောက်ပိုင်း ဆုဖလားဆွတ်ခူးနိုင်ခြင်းမရှိဘဲ ယခုအခါ နည်းပြတန်ဟတ်လက်ထက်မှသာ ပြန်လည် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။

မန်ယူအသင်းသည် နည်းပြတန်ဟတ်လက်အောက် တွင် ပုံစံကောင်းပြသနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲ တွင်    အဆင့်(၃)နေရာ၌   ရပ်တည်နေသကဲ့သို့ ယူရိုပါလိဂ်ပြိုင်ပွဲတွင် ၁၆  သင်းရှုံးထွက်အဆင့်နှင့်  အက်ဖ်အေဖလားပြိုင်ပွဲတွင်လည်း ပဉ္စမအဆင့်အထိ တက်ရောက်ထားပြီး ဆုဖလားလေးလုံးလမ်းကြောင်း ပေါ်၌ ရပ်တည်လျက်ရှိကြောင်း သိရသည်။

Ref;Dailymail