တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ်(သံလွင်) ရခိုင်ပြည်နယ်၊ ဂွမြို့နယ်မှ ဒေသခံ ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်
နေပြည်တော်၊ မတ် - ၂
ရခိုင်ပြည်နယ် အတွင်းရှိ ကမ်းရိုးတန်းဒေသတစ်လျှောက်မှ ဒေသခံပြည်သူ များအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးရန် ရောက်ရှိနေသော တပ်မတော်နှင့် ကျန်းမာရေးဝန်ကြီးဌာနတို့မှ အထူးကုဆေးအဖွဲ့များမှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သည့် တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)သည် ယနေ့တွင် ဂွမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာများမှ ဒေသခံပြည်သူ ၈၉၁ ဦးအား ၎င်းမြို့ရှိ ရတနသိဒ္ဓိဗိမာန်တော်၌အခြေပြု၍ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ပေးသည်။
ထိုသို့ ဆောင်ရွက်ပေးရာတွင် ဆေးကုသမှုဆိုင်ရာရောဂါ ၁၇၆ ဦး၊ ခွဲစိတ်ရောဂါ ၄၈ ဦး၊ သားဖွား/ မီးယပ်ရောဂါ ၄၉ ဦး၊ ကလေးရောဂါ ၃၆ ဦး၊ အရိုးရောဂါ ၂၂၀ ဦး၊ နား/ နှာခေါင်း/ လည်ချောင်းရောဂါ ၆၀ ဦး၊ မျက်စိရောဂါ ၂၂၁ ဦးနှင့် သွားနှင့်ခံတွင်းရောဂါ ၈၁ ဦးတို့ကို လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက်ပေးသည်။ ထို့အပြင် ခွဲစိတ်ကုသရန် လိုအပ်သူ အထွေထွေခွဲစိတ်လူနာ ၂ ဦး၊ မျက်စိခွဲစိတ်လူနာ ၁၂ ဦး၊ ဓာတ်မှန်ရိုက်လူနာ ၇ ဦး၊ အာထရာဆောင်းဖြင့် စမ်းသပ် စစ်ဆေးလူနာ ၆၃ ဦး၊ ECG ဖြင့် နှလုံးစမ်းသပ်လူနာ ၆၈ ဦးနှင့် ဓာတ်ခွဲစမ်းသပ်လူနာ ၁၇ ဦးတို့ကို ရောဂါရှာဖွေစမ်းသပ် ကုသပေးခြင်းများ ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သည့်လူနာများအား နီးစပ်ရာ တပ်မတော်ဆေးရုံများနှင့် ပြည်သူ့ဆေးရုံများသို့ တက်ရောက်ကုသနိုင်ရေး စီစဉ်ဆောင် ရွက်ပေးသည်။
ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မှ တာဝန်ရှိ သူများက သွားရောက်ကြည့်ရှုအားပေးပြီး တပ်မတော်ပင်လယ်သွားဆေးရုံရေယာဉ် (သံလွင်)ပေါ်ရှိ ခွဲစိတ်လူနာများနှင့် မျက်စိခွဲစိတ်လူနာများအား အာဟာရဖြည့်စားသောက် ဖွယ်ရာများ၊ လက်ဆောင်ပစ္စည်းများနှင့် မျက်မှန်များ ပေးအပ်ကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ကျန်းမာရေးဆောင်ရွက်ပေးမှုအပေါ် ဒေသခံပြည်သူများ၏ စကားသံများကို ယခု လိုပဲကြားသိခဲ့ရပါတယ်-
ဆရာဝန်ကပြောတယ်အမေ့မျက်လုံးကအများကြီး ပိုဆိုးတယ်။ မျက်လုံးကိုခွဲ မှဖြစ်လို့ လာပြီးကုသတာပါ။ အရမ်းလည်းဝမ်းသာတယ်။ ကိုယ့်အမေမမြင်ရ တော့ဘူးလို့ထင်ထားတာ။ အရမ်း လည်းဝမ်းနည်းမိတယ် ကိုယ့်အမေငယ်ငယ်ရွယ်ရွယ်နဲ့ မျက်လုံးကန်းရဖို့ဆိုပြီး တော့ ကိုယ့်ကိုယ်ကိုယ်လည်း ဝမ်းနည်းကြေကွဲရတယ်။ မရှိတဲ့လူတွေအဖို့မှာ တော့ဒီလိုလာ ရောက်ကုသပေးတဲ့အတွက် အများကြီးကောင်းတာပေါ့။ ဒီလိုလာပေးတဲ့အတွက် အများကြီး ကျေးဇူးတင်တယ်။ သမီးအမေကို မျက်လုံးခွဲပေးတဲ့အတွက်လည်း ဘယ်လိုကျေးဇူးတင်ရမယ်ဆိုတာ မပြောတတ်လို့ သမီးစိတ်ထဲမှာ တအားပဲကို ကျေးဇူးတင်မိတယ်။ ပျော်လည်း ပျော်တယ်။ သမီးတို့ မြို့ကို တစ်နှစ်ကို တစ်ခါလောကတော့ လာစေချင်တယ်။ ဘာလို့ဆိ ရင် သမီးမိဘတွေအပြင် တခြားမရှိတဲ့သူတွေကိုလည်း ကုချင်သချင်တယ်။ ခုလာကုတဲ့ သူတွေလည်းဘာမှ ပူစရာမလိုဘူး ထမင်းဆို ထမင်း ၊ ရေဆို ရေ ၊ အကုန်အစစ အရာရာလိုရာခက်သိမ်း အကုန်လုံး လုပ်ပေးတယ်။ ထမင်းကျွေးတာကအစ ခွံ့ခက်ကျွေးတယ်။ အများကြီးလည်း တာဝန်ကျေတယ်။ ဒီလိုမျိုး ဆရာဝန်ကြီးတွေ နဲ့ လုပ် ကိုင်ပေးတဲ့ လူတွေအဖွဲ့အားလုံးကို သမီးက အများကြီးကျေးဇူးတင်တယ်။ ပြောမပြတတ်အောင် ကျေးဇူးတင်ပါတယ်။
သင်္ဘောပေါ်တတ်သွားကတည်းက တယုတယ လိုလေသေးမရှိ အကုန် တွဲပို့ တွဲချီ တွဲမ ခုတင်တွေ အဆင်သင့် စောင်တွေလည်း အဆင်သင့် ရှိတယ်။ လိုလေသေးမရှိ အိပ်ယာ ခေါင်းအုံးက အစ ပေါ့။ ညကြတော့ ထမင်းကျွေး တယ်။ လိုလေသေးမရှိ စားလို့သောက်လို့ အလွန်အရသာရှိတာ။ အိမ်သာသွား ချင်ရင်လည်း တယုတယအကုန်တွဲပြီးပို့တယ်။ ဒီလိုမျိုးကုပေးတဲ့ အဖွဲ့တွေကို လည်း အထူးအထူး ကျေးဇူးတင်တယ်။ အများကြီး ကျေးဇူးတင်တယ်။ လာမယ့် နှစ်တွေလည်း လာနိုင်ပါစေလို့ ဆုတောင်းပါတယ်။
မျက်စိတစ်ဖက်မမြင်လို့ အခုတော့ကောင်းသွားပြီ ကြည်သွားပြီ ခွဲပေးတဲ့ သူတွေကိုလည်း အများကြီးကျေးဇူးတင်ပါတယ်။ သင်္ဘောကြီးပေါ်မှာ ထမင်း လည်းကျွေးတယ်။ အကုန်လုံး အစစအရာရာ လိုလေသေးမရှိဘူး။ မနက်စာ လည်းကျွေးတယ်။ ညစာလည်း ကျွေးတယ်။ အကုန်လုံးလည်း ဝမ်းသာပါတယ်။ သူတို့လုပ်ပေးတာကိုလည်း ပီတိတွေဖြစ်ပါတယ်။ အခမဲ့လည်းကုပေး တယ်။ အကုန်လုံးအစစအရာရာ အဆင်ပြေအောင်လည်း လိုက်လုပ်ပေးတယ်။ တတ်တာ ဆင်းတာကအစ အကုန်လိုက်လုပ်ပေးတယ်။ သူတို့လည်း ပင်ပန်းပါ တယ်။ အကုန်လုံးကျန်းကျန်းမာမာ ချမ်းချမ်းသာသာနဲ့ လိုရာ ခရီးတွေ ရောက်ပါ စေလို့ ဆုတောင်းပေးပါတယ်။
အဆီအကြိတ်လေးဖြစ်နေလို့ လာခွဲတာပေါ့။ ဒီရောက်လာတော့ သူတို့နွေး နွေးထွေးထွေးပါပဲ ကြိုဆိုကြတယ်။ ကျွန်တော်တို့ ဒေသလေးက မြို့ပေါ်သာ ပြောတယ် မြို့လေးက သေးသေးလေးဆိုတော့ ဖွံ့ဖြိုးမှုလည်း နည်းနည်းနောက်ကျတယ်လေ။ အဲ့တာကြောင့် ကျန်းမာရေးနဲ့ ပတ်သက်လို့ ယခုလိုမျိုး အခမဲ့ လာရောက်ကုသပေးတဲ့ အတွက် အများကြီး ကျေးဇူးတင်ပါ တယ်။ အမြဲတမ်းလည်း မကြာမကြာလာစေချင်ပါတယ်။ ဆေးရုံက ခုတင် ၅၀ ပဲ ရှိတယ်လေ ။ ခုတင် ၅၀ ပဲ ရှိတဲ့ အခါကြတော့ ဆရာဝန် အလုံအလောက်မရှိ ဘူး။ ရောဂါတွေကလည်း မျိုးစုံရှိတယ် ဆရာဝန်က အလုံအလောက်မရှိတဲ့ အခါ ကြတော့ ခုလိုစုံစုံလင်လင်လာပြီး ကုသပေးတဲ့အတွက် အများကြီး ကျေးဇူးတင်ပါတယ်။ ခုလိုလာရောက်ကုသပေးတဲ့အတွက် နိုင်ငံတော်အကြီးအကဲ အပါအဝင် သက်ဆိုင်ရာဝါဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေအားလုံး ကျေးဇူးအထူးတင်ရှိပါ တယ်။